ယူနီကုဒ်ဖြင့်ဖတ်ရန်
အစိမ်းသက်သက်ဖြစ်တဲ့ SAI Cosmetix အလှကုန်လုပ်ငန်းကို တည်ထောင်ခဲ့တာ (၄)နှစ်တိတိတောင်ရှိခဲ့ပြီဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဆယ်စုနှစ်နှစ်စုကျော်တိုင် အောင်မြင်မှုကိုယခုအချိန်ထိ ထိန်းသိမ်းထားနိုင်သူတစ်ဦးပါ။ ရှမ်းတိုင်းရင်းသားလေး စိုင်းစိုင်းခမ်းလှိုင်က မိန်းကလေးတွေကြွေချင်လောက်စရာ တည်ကြည်တဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသူမို့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဦးဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ကိုယ်ပိုင်အလှကုန်လုပ်ငန်းကိုလည်း ဦးစီးတည်ထောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာတော့ စိုင်းစိုင်းက သူ့ရဲ့ SAI Cosmetix အလှကုန်လုပ်ငန်းကို တည်ထောင်ခဲ့တာ (၄)နှစ်တိတိတောင်ရှိခဲ့ပြီဆိုတဲ့အကြောင်း ပြောလာပါတယ်။
“ဒီနေ့ Sexy And Intelligent (SAI Cosmetix )စတင်ဖြန့်ဖြူးခဲ့တာ ၄ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော့်အတွက် တကယ်ကို အစိမ်းသက်သက်ဖြစ်တဲ့ အလှကုန်ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းကို ဒီနေ့အထိဆက်လက်ရပ်တည်နိုင်အောင် ယုံကြည်အားပေးတဲ့ သုံးစွဲသူပရိသတ်များနဲ့အတူ SAI Cosmetix ရဲ့ လက်တွဲဖော်များ မိတ်ဖက်များ၊ ကုန်သည်များ Storeဆိုင်များ၊ Centre များ၊ ဝန်ထမ်းများ ( ဝန်ထမ်းဟောင်းတွေအပါအဝင် )၊ တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့ကြတဲ့ အနုပညာရှင်များ၊ celebrity များ၊ Blogger များ၊ ဓာတ်ပုံဆရာများ၊ ဒီဇိုင်နာများ၊ make up artist များ၊ production များ ပြီးတော့ သူငယ်ချင်းများ အားလုံးအားလုံးကို ကျေးဇူး ကျေးဇူး ကျေးဇူးအထူးပါခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာရှင်တစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်လည်း အထိုက်အလျောက် အောင်မြင်သူလို့ ဆိုနိုင်ပါတယ်။ စိုင်းစိုင်းတစ်ယောက် ဒီထက်မကသော အောင်မြင်မှုတွေသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Sai Sai Kham Leng ‘s fb
Bilie: Cele Connections