


ယူနီကုဒ်ဖြင့်ဖတ်ရန်

ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အကြိုအလှူအဖြစ် ဒလမြို့က အခြေခံလူတန်းစားများကို ငွေကျပ် (၁၅) သိန်းကျပ်ဖိုးစာ စားသောက်ရိက္ခာများလှူဒါန်းခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ ဘာသာရေးနဲ့ ကုသိုလ်ရေးကို ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်း လက်နဲ့မကွာတဲ့ စမိုင်းလ်က အကူအညီလိုအပ်နေတဲ့ နေရာတိုင်းကို သူမတတ်နိုင်သလောက် လှူဒါန်းရင်း နေ့ရက်တိုင်းကို ပီတိတွေနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စမိုင်းလ်က လာမယ့် အောက်တိုဘာလ (၂၂) ရက်နေ့မှာကျရောက်မယ့် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အတွက် နေ့ရက်တိုင်းမှာ အလှူဒါနတွေ ပြုလုပ်နေလျက်ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့မှာလည်း စမိုင်းလ်က “ကိုပြည့်မောင်မွေးနေ့အကြိုအလှူ အိမ်ထောင်စု (၁၀၀) စာအလှူ.. ဒလမြို့နယ်၊ အံ့ကြီးအနောက်ရှိ အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) တန်ဖိုးရှိ စားနပ်ရိက္ခာများအားအိမ်ထောင်စု (၁၀၀) စာကို Clean Yangon မှတစ်ဆင့်လှူဒါန်းခဲ့ပါတယ်။” ဆိုပြီး ငွေကျပ် (၁၅) သိန်းစာ အကုန်အကျခံခဲ့တဲ့ တစ်နေ့စာ အလှူလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးလာပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ အလှူမလုပ်တဲ့နေ့ မရှိသလောက်ကို နေ့စဉ်နေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုရဲ့ ဒီကနေ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie: Cele Connections