


ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်သက်လုံး ကိုယ်ကချည်း ဓာတ်ပုံအရိုက်ခံရလို့ အိမ်မှာနေတုန်း ကင်မရာတစ်လုံးနဲ့ ကောင်းကောင်းကြီး လက်စားချေနေတဲ့ ခေးဆက်သွင်

နာမည်လေးနဲ့ လိုက်အောင် အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် သူမရဲ့ အပြင်လက်တွေ့က ပုံစံကတော့ ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခေးဆက်သွင်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက နေထိုင်မှုပုံစံကိုလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေ ရပ်နားထားတဲ့ ခေးဆက်သွင်က အိမ်မှာနေရင်း သူမဝါသနာပါရာတွေကို ပြုလုပ်နေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ခေးဆက်သွင်က “တစ်သက်လုံး ကိုယ်ကချည်း ဓါတ်ပုံအရိုက်ခံလာရတာ👸🏻👸🏻👸🏻 ခုတော့ငါရိုက်ပေးရမယ့် အလှည့်ပေါ့ကွာ😎😎😎 ပြုံးပြုံးလေးနေမယ် ပူတူးတို့☘️🌿🌱🍃🍀 ရိုက်ပြီ 1 2 3 ချလပ်🤩🤩” ဆိုပြီး သူမပိုင်ဆိုင်သမျှ အပင်လေးတွေကို ဓာတ်ပုံရိုက်ရင်း လက်စားချေနေတဲ့အကြောင်းကို ပြောလာပါတယ်။

ခေးဆက်သွင်ကတော့ အိမ်နေရင်းပုံစံလေးမှာတောင် ရိုးရှင်းပြီး အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပကာသနတွေကင်းတဲ့ မင်းသမီးလေး ခေးဆက်သွင်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khay Sett Thwin’s fb
Bilie: Cele Connections