နိုင္ငံေက်ာ္ ၾကယ္ပြင့္နွစ္ပြင့္ျဖစ္ၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက အနုပညာလုပ္ငန္းေတြမွာလည္း ကိုယ္စီေအာင္ျမင္မႈရရိွေနသလို သာယာတဲ့ အိမ္ေထာင္ေရးကိုလည္း အတူတကြ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက ေအာင္ျမင္တဲ့ အနုပညာလမ္းမေပၚကို ေလွ်ာက္လွမ္းေနၾကသလို တစ္ေယာက္ရဲ့အလုပ္ေတြမွာလည္း တစ္ေယာက္ တတ္နိုင္သေလာက္ ပံ့ပိုးမႈေတြ ျပဳလုပ္ေနၾကတဲ့ ခ်စ္စရာ ဇနီးေမာင္နွံပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းျပီး စိတ္တူကိုယ္တူရိွၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ ဇနီးေမာင္နွံကို ခ်စ္ခင္အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၉) ရက္ေန့မွာေတာ့ ေရႊထူးက JOOX App ကေနျပီး သူ့ရဲ့ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖမႈကို ေနအိမ္ကေနတဆင့္ ပရိသတ္ေတြအတြက္ ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီကလည္း ေရႊထူးနဲ့ တစ္အိမ္ထဲရိွေနေပမယ့္ ေရႊထူး Live လႊင့္ေနတဲ့ စတူဒီယိုအခန္းထဲကို သြားေနွာက္ယွက္ျခင္းမျပဳပဲ သူမရဲ့အိပ္ခန္းထဲကေနျပီး အြန္လိုင္းကေန အားေပးေနခဲ့ေၾကာင္း ေဖ့စ္ဘုတ္ Story ကေနတဆင့္ မွ်ေဝေပးထားပါတယ္။

ပရိသတ္ေတြကေတာ့ ေရႊထူးရဲ့ သီဆိုေဖ်ာ္ေျဖမႈမွာ ေရႊမႈံရတီနဲ့ တြဲဖက္သီဆိုဖို့ ေတာင္းဆိုခဲ့ၾကေပမယ့္ ေရႊထူးက တစ္ေယာက္တည္း သီဆိုေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ေရႊထူးရဲ့ ေဖ်ာ္ေျဖမႈကို ၾကည့္ျဖစ္လိုက္ၾကလားဆိုတာ ေျပာျပေပးခဲ့ဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Shwe Hmone Yati’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်အိမ်တည်းနေတဲ့ ခင်ပွန်းဖြစ်သူရွှေထူးရဲ့ အိမ်တွင်းဖျော်ဖြေမှုကို ဖုန်းထဲကနေပဲ အားပေးဝန်းရံခဲ့တဲ့ ရွှေမှုံရတီ

နိုင်ငံကျော် ကြယ်ပွင့်နှစ်ပွင့်ဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေမှာလည်း ကိုယ်စီအောင်မြင်မှုရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်ကို လျှောက်လှမ်းနေကြသလို တစ်ယောက်ရဲ့အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ်နေကြတဲ့ ချစ်စရာ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး စိတ်တူကိုယ်တူရှိကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့မှာတော့ ရွှေထူးက JOOX App ကနေပြီး သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုကို နေအိမ်ကနေတဆင့် ပရိသတ်တွေအတွက် ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း ရွှေထူးနဲ့ တစ်အိမ်ထဲရှိနေပေမယ့် ရွှေထူး Live လွှင့်နေတဲ့ စတူဒီယိုအခန်းထဲကို သွားနှောက်ယှက်ခြင်းမပြုပဲ သူမရဲ့အိပ်ခန်းထဲကနေပြီး အွန်လိုင်းကနေ အားပေးနေခဲ့ကြောင်း ဖေ့စ်ဘုတ် Story ကနေတဆင့် မျှဝေပေးထားပါတယ်။

ပရိသတ်တွေကတော့ ရွှေထူးရဲ့ သီဆိုဖျော်ဖြေမှုမှာ ရွှေမှုံရတီနဲ့ တွဲဖက်သီဆိုဖို့ တောင်းဆိုခဲ့ကြပေမယ့် ရွှေထူးက တစ်ယောက်တည်း သီဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရွှေထူးရဲ့ ဖျော်ဖြေမှုကို ကြည့်ဖြစ်လိုက်ကြလားဆိုတာ ပြောပြပေးခဲ့ဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Hmone Yati’s fb
Bilie: Cele Connections