ခိုင္နွင္းေဝလို့ ဆိုလိုက္တာနဲ့ ကိုယ္က်ိဳးကိုစြန့္ျပီး အမ်ားအက်ိဳးအတြက္ အားတက္သေရာလုပ္ေဆာင္ေနတဲ့ အမ်ိဳးသမီးကို ျမင္ေယာင္ၾကမယ္ ထင္ပါတယ္။ ခိုင္နွင္းေဝက လက္ရိွကိုဗစ္ကာလမွာ အနုပညာအလုပ္ေတြကို ရပ္နားထားတာေၾကာင့္ ပရဟိတအလုပ္ေတြကို ပိုမိုအခ်ိန္ေပးလုပ္ကိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေအာက္တိုဘာလ (၇) ရက္ေန့ကမွ သူမရဲ့ ေဂဟာက သမီးေလးတစ္ေယာက္ကို ဆံုးရႈံးလိုက္ရတဲ့ ခိုင္နွင္းေဝက ဒီကေန့မွာေတာ့ ကြယ္လြန္သြားတဲ့ သမီးေလးအတြက္ ရည္စူးျပီး အလွဴတစ္ခုျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ မွ်ေဝေပးလာပါတယ္။

“ဖခင္ျဖစ္သူမွာ နို့မႈန္႔ဖိုး မတတ္ႏိုင္၍ ကိုယ့္ကိုကိုယ္ ႀကိဳးဆြဲခ် အဆံုးစီရင္သြားေသာ ေၾကာင္ ့ က်န္ရစ္သူ ဇနီးႏွင့္ (၃)လသားေလးအား အမ်ိဳးသမီးခ်င္း ,သားသမီးခ်င္း ကိုယ္ခ်င္းစာစိတ္ျဖင့္ နို မႈန္႔ တစ္ႏွစ္စာအား ကၽြန္မရဲ့ ကြယ္လြန္သြားတ့ဲ သမီးေလးအား ရည္စူး၍ လႉဒါန္းေပးခ့ဲပါတယ္ရွင္။ ယေန႔ ျပဳသမွ် ကုသိုလ္မ်ားအားလံုးအား သမီးေလး ရရွိ စံစားႏိူင္ပါေစ ရွင္…အမွ် အမွ် အမွ်…. 🙏🏼🙏🏼🙏🏼” ဆိုျပီး နို့မႈန့္ဖိုးမတတ္နိုင္လို့ ကိုယ့္ကိုကိုယ္ ၾကိဳးဆြဲခ်အဆံုးစီရင္သြားတဲ့ ဖခင္ရဲ့ က်န္ရစ္သူကေလးေလးကို တစ္နွစ္စာနု့ိမႈန့္မ်ားလွဴဒါန္းေပးခဲ့ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးထားတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝက ဒီေန့လွဴဒါန္းေပးခဲ့တဲ့ ကေလးေလးရဲ့ ဖခင္က စီးပြားေရးၾကပ္တည္းလြန္းတာေၾကာင့္ မိခင္ နို့မႈန့္သြားဝယ္ေနတုန္းအခ်ိန္မွာ ကိုယ့္ကိုကိုယ္ အဆံုးစီရင္သြားခဲ့တာ ျဖစ္ပါတယ္။ ကေလးေလးရဲ့ ဖခင္လည္း သူ့ရဲ့သားေလးအတြက္ ေရာက္ရာဘဝကေန ဝမ္းသာေနမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နို့မှုန့်ဖိုးမတတ်နိုင်လို့ ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားတဲ့ ဖခင်ရဲ့ ကျန်ရစ်သူကလေးလေးကို တစ်နှစ်စာနု့ိမှုန့်များလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေလို့ ဆိုလိုက်တာနဲ့ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးအတွက် အားတက်သရောလုပ်ဆောင်နေတဲ့ အမျိုးသမီးကို မြင်ယောင်ကြမယ် ထင်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားတာကြောင့် ပရဟိတအလုပ်တွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၇) ရက်နေ့ကမှ သူမရဲ့ ဂေဟာက သမီးလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာတော့ ကွယ်လွန်သွားတဲ့ သမီးလေးအတွက် ရည်စူးပြီး အလှူတစ်ခုပြုလုပ်ခဲ့ကြောင်း အခုလိုပဲ မျှဝေပေးလာပါတယ်။

“ဖခင်ဖြစ်သူမှာ နို့မှုန့်ဖိုး မတတ်နိုင်၍ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားသော ကြောင့် ကျန်ရစ်သူ ဇနီးနှင့် (၃)လသားလေးအား အမျိုးသမီးချင်း ,သားသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် နို မှုန့် တစ်နှစ်စာအား ကျွန်မရဲ့ ကွယ်လွန်သွားတဲ့ သမီးလေးအား ရည်စူး၍ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ ယနေ့ ပြုသမျှ ကုသိုလ်များအားလုံးအား သမီးလေး ရရှိ စံစားနိူင်ပါစေ ရှင်…အမျှ အမျှ အမျှ…. 🙏🏼🙏🏼🙏🏼” ဆိုပြီး နို့မှုန့်ဖိုးမတတ်နိုင်လို့ ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားတဲ့ ဖခင်ရဲ့ ကျန်ရစ်သူကလေးလေးကို တစ်နှစ်စာနု့ိမှုန့်များလှူဒါန်းပေးခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက ဒီနေ့လှူဒါန်းပေးခဲ့တဲ့ ကလေးလေးရဲ့ ဖခင်က စီးပွားရေးကြပ်တည်းလွန်းတာကြောင့် မိခင် နို့မှုန့်သွားဝယ်နေတုန်းအချိန်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။ ကလေးလေးရဲ့ ဖခင်လည်း သူ့ရဲ့သားလေးအတွက် ရောက်ရာဘဝကနေ ဝမ်းသာနေမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie: Cele Connections