Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
တကယ့်အစစ်အမှန် မဟုတ်ပေမယ့် သမီးလေးတွေရဲ့ အပြုအမူတစ်ခုကြောင့် ရင်ထဲမှာကြည်နူးပီတိဖြစ်နေရတဲ့ ချစ်သုဝေ
သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေကတော့ အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျပြီး သာယာလှပတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း အရုပ်လေးတွေလို ချစ်စရာကောင်းကြတာမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့မွေးကင်းစအရွယ်ကတည်းက မေမေချစ်သုဝေနဲ့အတူတူ ကြော်ငြာတွေရိုက်ပြီး တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။
တစ်နေ့တစ်ခြား အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီး လေးနှစ်နီးပါးအရွယ်ရောက်နေပြီဖြစ်တဲ့ ခေတ်နဲ့သစ်က အခုဆိုရင် စကားတွေအများကြီးပြောတတ်နေပြီဖြစ်တဲ့အပြင် ကစားနည်းပေါင်းစုံကိုလည်း တက်တက်ကြွကြွဆော့တတ်နေပြီပဲ ဖြစ်ပါတယ်။ မေမေချစ်သုဝေကလည်း သမီးလေးတွေရဲ့ အမူအယာအပြောအဆိုလေးတွေနဲ့ ပင်ပန်းသမျှ အမောပြေနေရပြီး ဒီကနေ့မှာလည်း သမီးတွေက သူတို့ရဲ့ ကစားစရာပစ္စည်းတွေနဲ့ မေမေ့အတွက် မနက်စာလုပ်ပေးထားတယ်ဆိုတာကြောင့် ချစ်သုဝေခမျာ ကြည်နူးမဆုံးဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ချစ်သုဝေကတော့ တကယ့်အစစ်အမှန် မဟုတ်ပေမယ့် သမီးလေးတွေရဲ့ အပြုအမူတစ်ခုကြောင့် ရင်ထဲမှာကြည်နူးပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wai’s fb
Bilie: Cele Connections