နိုင္ငံေက်ာ္ အဆိုေတာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ယုန္ေလးက အသိမိတ္ေဆြေတြေပါမ်ားသလို လူမႈေရးရာနဲ့ ပက္သတ္လာရင္လည္း သူတတ္နိုင္တာ မွန္သမွ်ကို ကူညီ လုပ္ေဆာင္ေပးေနသူတစ္ေယာက္ ျဖစ္ပါတယ္။ စိတ္ထားေကာင္းသူတစ္ေယာက္ျဖစ္ေပမယ့္ ပုထုဇဥ္လူသားပီပီ တိုက္ခိုက္ေဝဖန္မႈေတြခံရတဲ့ ယုန္ေလးက ျပီးခဲ့တဲ့ရက္ပိုင္းကလည္း သားသမီးရိွတယ္ဆိုျပီး သတင္းေတြထြက္ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ယုန္ေလးက ကိုယ့္သာသာအေကာင္းဆံုးေနေနတာမို့ သတင္းတုေတြနဲ့ပက္သတ္ျပီး တစ္ေၾကာ့ျပန္မလုပ္ဖို့ သတိေပးလာတာကို ေတြ့ရပါတယ္။

“ဒီေခတ္မွာ အဆိုးဆံုးက သတင္းအတု ဖြတာပဲ။ ကြ်န္ေတာ့္စိတ္ဓာတ္ ကြ်န္ေတာ့္အေၾကာင္း သိေနတာပဲ။ ကိုယ့္ဟာကိုယ္ အေကာင္းဆံုးေနေနပါတယ္။ သတင္းေတြ ထပ္တက္လာတိုင္း တစ္ေၾကာျ့ပန္ Cb ကေန လာလာၿပီး မပို႔ၾကပါနဲ႔။ ဘယ္အခ်ိန္ ဘယ္ႏွစ္ခါ ဘယ္ေလာက္ထိ လိုက္ေျဖရွင္းရမွာလဲ။ ရွင္းစရာရိွတာလည္း အကုန္ရွင္းၿပီးၿပီ။ အားလံုး အရာရာအဆင္ေျပၾကပါေစ 🙏” ဆိုျပီး သူ့ရဲ့ ေဖ့စ္္ဘုတ္စာမ်က္နွာမွာ ျပတ္ျပတ္သားသား ေျပာလာတာပဲ ျဖစ္ပါတယ္။

ယုန္ေလးကေတာ့ လတ္တေလာမွာ သူ့ရဲ့ သီခ်င္း MV၊ အြန္လိုင္းေၾကာ္ျငာ အစရိွတာေတြနဲ့လည္း ပရိသတ္ေဝဖန္မႈကို ခံေနရတာပဲ ျဖစ္ပါတယ္။ ယုန္ေလးကေတာ့ သူ့ဘက္က လိုအပ္ခ်က္ရိွျပီး အမွားျဖစ္သြားတဲ့ကိစၥေတြ အကုန္လံုးကို ေတာင္းပန္ျပီးသြားခဲ့ျပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yone Lay’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ့်သာသာအကောင်းဆုံးနေနေတာမို့ သတင်းတုတွေနဲ့ပက်သတ်ပြီး တစ်ကြော့ပြန်မလုပ်ဖို့ သတိပေးလာတဲ့ ယုန်လေး

နိုင်ငံကျော် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက အသိမိတ်ဆွေတွေပေါများသလို လူမှုရေးရာနဲ့ ပက်သတ်လာရင်လည်း သူတတ်နိုင်တာ မှန်သမျှကို ကူညီ လုပ်ဆောင်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပေမယ့် ပုထုဇဉ်လူသားပီပီ တိုက်ခိုက်ဝေဖန်မှုတွေခံရတဲ့ ယုန်လေးက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သားသမီးရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက ကိုယ့်သာသာအကောင်းဆုံးနေနေတာမို့ သတင်းတုတွေနဲ့ပက်သတ်ပြီး တစ်ကြော့ပြန်မလုပ်ဖို့ သတိပေးလာတာကို တွေ့ရပါတယ်။

“ဒီခေတ်မှာ အဆိုးဆုံးက သတင်းအတု ဖွတာပဲ။ ကျွန်တော့်စိတ်ဓာတ် ကျွန်တော့်အကြောင်း သိနေတာပဲ။ ကိုယ့်ဟာကိုယ် အကောင်းဆုံးနေနေပါတယ်။ သတင်းတွေ ထပ်တက်လာတိုင်း တစ်ကြောြ့ပန် Cb ကနေ လာလာပြီး မပို့ကြပါနဲ့။ ဘယ်အချိန် ဘယ်နှစ်ခါ ဘယ်လောက်ထိ လိုက်ဖြေရှင်းရမှာလဲ။ ရှင်းစရာရှိတာလည်း အကုန်ရှင်းပြီးပြီ။ အားလုံး အရာရာအဆင်ပြေကြပါစေ 🙏” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြတ်ပြတ်သားသား ပြောလာတာပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ လတ်တလောမှာ သူ့ရဲ့ သီချင်း MV၊ အွန်လိုင်းကြော်ငြာ အစရှိတာတွေနဲ့လည်း ပရိသတ်ဝေဖန်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ သူ့ဘက်က လိုအပ်ချက်ရှိပြီး အမှားဖြစ်သွားတဲ့ကိစ္စတွေ အကုန်လုံးကို တောင်းပန်ပြီးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie: Cele Connections