နိုင္ငံေက်ာ္ အဆိုေတာ္ ေရႊထူးဟာ အခုေခတ္လူငယ္ေတြၾကားမွာ ေရပန္းစားတဲ့ အဆိုေတာ္တစ္ဦးပါပဲ။ ေရႊထူးက ေအာင္ျမင္တဲ့အဆိုေတာ္ျကီးမျဖစ္ခင္ သာမန္အဆိုေတာ္ဘဝတည္းက လက္ခံအားေပးတဲ့ ပရိသတ္အေျမာက္အမ်ားရရိွထားျပီး ဒီေန့အခ်ိန္မွာေတာ့ ဂီတေလာကမွာ ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚ ရပ္တည္ေနနိုင္တဲ့ အဆုိေတာ္တစ္ေယာက္ျဖစ္ေနပါျပီ။ ဒါ့အျပင္ ေရႊထူးက ျမင္သူတိုင္းအားက်ရေလာက္တဲ့ ၾကည္နူးဖြယ္ အိမ္ေထာင္ေရးကိုလည္း တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

ခ်စ္ဇနီးေလး ေရႊမႈံရတီကို အရိပ္တၾကည့္ၾကည့္ခ်စ္ျပီး ခ်စ္ဇနီးေလးနဲ့ ပက္သတ္သမွ်ကို မွတ္တမ္းေလးေတြ တင္ထားေလ့ရိွတဲ့ ေရႊထူးက ဒီတစ္ေခါက္မွာလည္း ကေလးလည္းဆန္သလို တစ္ဖက္မွာလည္း လူၾကီးဆန္တဲ့ ခ်စ္ဇနီးေလးရဲ့ ပံုရိပ္ကို မွ်ေဝေပးလာပါတယ္။ ေရႊမႈံရတီက တစ္ဖက္က စိတ္ပုတီးစိတ္ျပီး ဘုရားဝတ္ျပဳသလို တစ္ဖက္မွာလည္း သူ့ရဲ့သားသမီးေလးေတြအေပၚ သံေယာဇဥ္မပ်က္တဲ့ပံုကို ေရႊထူးက မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ေရႊမႈံေလးကေတာ့ ဘယ္ေလာက္ပဲ အိမ္ေထာင္ရွင္မၾကီးျဖစ္သြားသြား ကေလးဆန္တဲ့ အမူအယာေလးေတြကေတာ့ ေပ်ာက္ကြယ္သြားျခင္းမရိွပါဘူး။ ပရိသတ္ၾကီးလည္း ေရႊမႈံရတီရဲ့ ပံုရိပ္ေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူကြီးဆန်သလိုလိုနဲ့ တစ်ဖက်မှာလည်း ကလေးစိတ်မကုန်သေးတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီရဲ့ ဖြစ်ပုံကို ပြသလာတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော် ရွှေထူးဟာ အခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော်တစ်ဦးပါပဲ။ ရွှေထူးက အောင်မြင်တဲ့အဆိုတော်ကြီးမဖြစ်ခင် သာမန်အဆိုတော်ဘဝတည်းက လက်ခံအားပေးတဲ့ ပရိသတ်အမြောက်အများရရှိထားပြီး ဒီနေ့အချိန်မှာတော့ ဂီတလောကမှာ အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရပ်တည်နေနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ ဒါ့အပြင် ရွှေထူးက မြင်သူတိုင်းအားကျရလောက်တဲ့ ကြည်နူးဖွယ် အိမ်ထောင်ရေးကိုလည်း တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ချစ်ဇနီးလေး ရွှေမှုံရတီကို အရိပ်တကြည့်ကြည့်ချစ်ပြီး ချစ်ဇနီးလေးနဲ့ ပက်သတ်သမျှကို မှတ်တမ်းလေးတွေ တင်ထားလေ့ရှိတဲ့ ရွှေထူးက ဒီတစ်ခေါက်မှာလည်း ကလေးလည်းဆန်သလို တစ်ဖက်မှာလည်း လူကြီးဆန်တဲ့ ချစ်ဇနီးလေးရဲ့ ပုံရိပ်ကို မျှဝေပေးလာပါတယ်။ ရွှေမှုံရတီက တစ်ဖက်က စိတ်ပုတီးစိတ်ပြီး ဘုရားဝတ်ပြုသလို တစ်ဖက်မှာလည်း သူ့ရဲ့သားသမီးလေးတွေအပေါ် သံယောဇဉ်မပျက်တဲ့ပုံကို ရွှေထူးက မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ရွှေမှုံလေးကတော့ ဘယ်လောက်ပဲ အိမ်ထောင်ရှင်မကြီးဖြစ်သွားသွား ကလေးဆန်တဲ့ အမူအယာလေးတွေကတော့ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie: Cele Connections