သရုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ သူ့ကိုယ္သူ LGBT တစ္ေယာက္ျဖစ္တဲ့အေၾကာင္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားျပီး ဘဝကို ယံုၾကည္မႈရိွရိွ ျဖတ္သန္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ဥကၠာမင္းေမာင္က အေမရိကန္နိုင္ငံ New York ျမိဳ့မွာ ေနထိုင္ေနေပမယ့္ အနုပညာအလုပ္ေတြနဲ့ အဆက္အသြယ္ ျပတ္ေတာက္သြားျခင္းမရိွေအာင္ ၾကိဳးစားေနလ်က္ရိွပါတယ္။ ျပီးခဲ့တဲ့ စက္တင္ဘာလ (၁၈) ရက္ေန့ကေတာ့ ဥကၠာမင္းေမာင္ရဲ့ ေမြးေန့ေလးပဲျဖစ္ျပီး ဒီကေန့မွာေတာ့ ဥကၠာမင္းေမာင္က သူ့ရဲ့ ေမြးေန့မွာ New York ျမိဳ့က အိမ္ေျခရာမဲ့ (၃၅) ေယာက္နဲ့ ျဖတ္သန္းခဲ့တဲ့ အမွတ္တရဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

“Homeless ၃၅ ေယာက္နဲ႔ ျဖတ္သန္းခဲ့တဲ့ကြၽန္ေတာ့္ရဲ႕ ေမြးေန႔ဗီဒီယိုေလး။ Covid ကာလအေျခအေန လက္ရွိ New York ၿမိဳ႕ အေနအထားနဲ႔ တစ္ၿမိဳ႕လုံးပတ္ လမ္းေတြေလွ်ာက္ အိမ္ေျခရာမဲ့ေတြကိုရွာၿပီး အလႉဒါနျပဳခဲ့တဲ့ ေမြးေန႔တုန္းက ကုသိုလ္ေလး ေနာင္တခ်ိန္အသက္ေတြႀကီးလာလို႔ ျပန္ေတြးတိုင္းလဲ ငါ ၃၅ ႏွစ္ျပည့္တုန္းက ဒီလိုေလးလႉခဲ့တယ္ဆိုၿပီး video ေလးျပန္ၾကည့္တိုင္း ထာဝရ အမွတ္တရအျဖစ္ ရွိေနမွာပါ။ ရယ္စရာေလးေတြေကာ စိတ္မေကာင္းစရာေလးေတြေကာ ၾကည္ႏူးစရာေလးေတြေကာ ခံစားရတဲ့ေန႔ပါပဲ။ အခုမွ Edit လုပ္ၿပီးလို႔တင္လိုက္တယ္။ LA မွ တကူးတကလာၿပီး စိတ္ေရာကိုယ္ပါ အစစအရာရာ ကူညီေပးတဲ့ Chrissy နဲ႔ Washington DC မွ Shein Htet Aung တို႔ကိုလဲေက်းဇူးတင္ပါတယ္ခင္ဗ်ာ.” ဆိုျပီး သူ့ရဲ့ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ သူ့ရဲ့ အသက္ (၃၅) နွစ္ျပည္ ့ေမြးေန့ေလးမွာ အေပ်ာ္အပါးေတြထက္ အမ်ားအက်ိဳးရိွေစမယ့္ အရာေလးေတြကို ျပဳလုပ္ရင္း ကုသိုလ္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဥကၠာမင္းေမာင္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး စိတ္မေကာင္းစရာေတြေရာ၊ ပီတိေတြပါ ခံစားရမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Okkar Min Maung’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၃၅) နှစ်ပြည့် မွေးနေ့မှာ New York မြို့က အိမ်ခြေရာမဲ့ (၃၅) ယောက်နဲ့ ဖြတ်သန်းခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ သူ့ကိုယ်သူ LGBT တစ်ယောက်ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားပြီး ဘဝကို ယုံကြည်မှုရှိရှိ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဥက္ကာမင်းမောင်က အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်နေပေမယ့် အနုပညာအလုပ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခြင်းမရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့ကတော့ ဥက္ကာမင်းမောင်ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ဒီကနေ့မှာတော့ ဥက္ကာမင်းမောင်က သူ့ရဲ့ မွေးနေ့မှာ New York မြို့က အိမ်ခြေရာမဲ့ (၃၅) ယောက်နဲ့ ဖြတ်သန်းခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

“Homeless ၃၅ ယောက်နဲ့ ဖြတ်သန်းခဲ့တဲ့ကျွန်တော့်ရဲ့ မွေးနေ့ဗီဒီယိုလေး။ Covid ကာလအခြေအနေ လက်ရှိ New York မြို့ အနေအထားနဲ့ တစ်မြို့လုံးပတ် လမ်းတွေလျှောက် အိမ်ခြေရာမဲ့တွေကိုရှာပြီး အလှူဒါနပြုခဲ့တဲ့ မွေးနေ့တုန်းက ကုသိုလ်လေး နောင်တချိန်အသက်တွေကြီးလာလို့ ပြန်တွေးတိုင်းလဲ ငါ ၃၅ နှစ်ပြည့်တုန်းက ဒီလိုလေးလှူခဲ့တယ်ဆိုပြီး video လေးပြန်ကြည့်တိုင်း ထာဝရ အမှတ်တရအဖြစ် ရှိနေမှာပါ။ ရယ်စရာလေးတွေကော စိတ်မကောင်းစရာလေးတွေကော ကြည်နူးစရာလေးတွေကော ခံစားရတဲ့နေ့ပါပဲ။ အခုမှ Edit လုပ်ပြီးလို့တင်လိုက်တယ်။ LA မှ တကူးတကလာပြီး စိတ်ရောကိုယ်ပါ အစစအရာရာ ကူညီပေးတဲ့ Chrissy နဲ့ Washington DC မှ Shein Htet Aung တို့ကိုလဲကျေးဇူးတင်ပါတယ်ခင်ဗျာ.” ဆိုပြီး သူ့ရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ အသက် (၃၅) နှစ်ပြည့်မွေးနေ့လေးမှာ အပျော်အပါးတွေထက် အများအကျိုးရှိစေမယ့် အရာလေးတွေကို ပြုလုပ်ရင်း ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဥက္ကာမင်းမောင်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး စိတ်မကောင်းစရာတွေရော၊ ပီတိတွေပါ ခံစားရမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Okkar Min Maung’s fb
Bilie: Cele Connections