နိုင္ငံေက်ာ္ ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမား ေအာင္သူနဲ့ နိုင္ငံေက်ာ္ သရုပ္ေဆာင္ ပိုးအိအိခန့္တို့က ပရိသတ္တိုင္း အားက်ရတဲ့ စံုတြဲေလးတစ္တြဲျဖစ္ပါတယ္။ ေအာင္သူနဲ့ ပိုးအိအိခန့္က လက္ထပ္ခဲ့ျပီး (၉)လအၾကာမွာတင္ မဂၤလာပြဲက်င္းပခဲ့ၾကတာျဖစ္ျပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားသားေလးတစ္ေယာက္ကို ေမြးဖြားထားျပီပဲ ျဖစ္ပါတယ္။ ပိုးအိအိခန့္တို့ရဲ့ သားေလး ကိုကိုးကလည္း ခ်စ္စရာအရမ္းေကာင္းတာေၾကာင့္ ပရိသတ္ေတြက ကိုယ့္တူ၊ ကိုယ့္သားေလးလို ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။

တစ္ေန့တစ္ျခားအရြယ္ေရာက္ၾကီးျပင္းလာခဲ့ျပီး အခုဆိုရင္ တစ္နွစ္ေက်ာ္အရြယ္ရိွေနျပီျဖစ္တဲ့ ကိုကိုးေလးက အခုဆိုရင္ မတ္တပ္ရပ္ေနျပီး လမ္းေလွ်ာက္စမ္းေနျပီပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ေမေမပိုးအိအိခန့္က ေဖေဖေအာင္သူနဲ့ လမ္းေလွ်ာက္စမ္းရင္း ေမေမ့ကို မ်က္ေစာင္းလွမ္းထိုးလိုက္တဲ့ သားေလးကိုကိုးရဲ့အမူအယာေလးကို အမိအရဗီဒီိယုိေလးရိုက္ျပီး အခုလိုပဲ မွ်ေဝေပးလာပါတယ္။

သားေလးကိုကိုးကေတာ့ ခ်စ္စရာေကာင္းတဲ့အျပင္ အသည္းယားဖြယ္ အမူအယာေလးေတြကို လုပ္တတ္တာေၾကာင့္ ေမေမ၊ ေဖေဖသာမက ပရိသတ္ေတြကပါ ခ်စ္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ကိုကိုးေလးရဲ့ ဗီဒီယိုကို အဖန္ဖန္အခါခါၾကည့္ျပီး သေဘာက်ၾကမယ္လို့ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thwin Oo Han’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖေဖေအောင်သူနဲ့ လမ်းလျှောက်စမ်းရင်း မေမေ့ကို မျက်စောင်းလှမ်းထိုးလိုက်တဲ့ သားလေးကိုကိုးရဲ့အမူအယာလေးကို အမိအရမှတ်တမ်းတင်ခဲ့တဲ့ ပိုးအိအိခန့်

နိုင်ငံကျော် မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ နိုင်ငံကျော် သရုပ်ဆောင် ပိုးအိအိခန့်တို့က ပရိသတ်တိုင်း အားကျရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်က လက်ထပ်ခဲ့ပြီး (၉)လအကြာမှာတင် မင်္ဂလာပွဲကျင်းပခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို မွေးဖွားထားပြီပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်တို့ရဲ့ သားလေး ကိုကိုးကလည်း ချစ်စရာအရမ်းကောင်းတာကြောင့် ပရိသတ်တွေက ကိုယ့်တူ၊ ကိုယ့်သားလေးလို ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြားအရွယ်ရောက်ကြီးပြင်းလာခဲ့ပြီး အခုဆိုရင် တစ်နှစ်ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုကိုးလေးက အခုဆိုရင် မတ်တပ်ရပ်နေပြီး လမ်းလျှောက်စမ်းနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မေမေပိုးအိအိခန့်က ဖေဖေအောင်သူနဲ့ လမ်းလျှောက်စမ်းရင်း မေမေ့ကို မျက်စောင်းလှမ်းထိုးလိုက်တဲ့ သားလေးကိုကိုးရဲ့အမူအယာလေးကို အမိအရဗီဒီယိုလေးရိုက်ပြီး အခုလိုပဲ မျှဝေပေးလာပါတယ်။

သားလေးကိုကိုးကတော့ ချစ်စရာကောင်းတဲ့အပြင် အသည်းယားဖွယ် အမူအယာလေးတွေကို လုပ်တတ်တာကြောင့် မေမေ၊ ဖေဖေသာမက ပရိသတ်တွေကပါ ချစ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုကိုးလေးရဲ့ ဗီဒီယိုကို အဖန်ဖန်အခါခါကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thwin Oo Han’s fb
Bilie: Cele Connections