


ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုပ်ရှင်ရိုက်ကူးမှုတွေရပ်နားထားပေမယ့် ကျော့ကျော့လေးမနေပဲ အိမ်အလုပ်တွေကိုကူညီလုပ်ဆောင်ပေးနေတဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချော တစ်ဦးဖြစ်တဲ့ ဖွေးဖွေးက ချစ်စရာကောင်းပြီး လှပလွန်း တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူလေး ဖြစ်ပါတယ်။ လူလေးလှရုံသာမက သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးလျွန်လွန်းတာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အကယ်ဒမီဆု သုံးဆုတိတိ ဆွတ်ခူး ရရှိနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အကယ်ဒမီများရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကလည်း သူမရဲ့ ပရိသတ်တွေအတွက် အချိန်ပေးရကျိုးနပ်ပြီး ခံစားမှုရသကျန်ရစ်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာ သေသေချာချာ စိစစ်ပြီး ရိုက်ကူးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က ကားအက်စီဒင့်ဒဏ်ရာကြောင့် အချိန်အတော်များများ အနားယူခဲ့တဲ့ ဖွေးဖွေးက အခု (၂၀၂၀) ခုနှစ်မှာလည်း ကပ်ရောဂါအခြေအနေတွေကြောင့် သူမရိုက်ကူးစရာရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရွှေ့ဆိုင်းထားရတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေရပ်နားထားပေမယ့် အချိန်တွေကို အလကားမကုန်ဆုံးပစ်တဲ့ ဖွေးဖွေးက အိမ်သန့်ရှင်းရေးအလုပ်တွေကိုလုပ်ပြီး မိသားစုတာဝန်တွေကို ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ကျော့ကျော့မော့မော့လေးမနေတတ်ပဲ ဖန်သားပြင်နောက်ကွယ်မှာတော့ သာမာန်လူတစ်ယောက်အဖြစ်သာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသူလေး ဖွေးဖွေးကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: We Love Phway Phway’s fb
Bilie: Cele Connections