မၾကီးစိုးလို့ ပရိသတ္ေတြခ်စ္စနိုးနဲ့ ေခၚၾကတဲ့ အကယ္ဒမီ စိုးျမတ္သူဇာကေတာ့ အနုပညာေလာကမွာ ဆယ္စုနွစ္သံုးစုတိုင္တိုင္ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိုးျမတ္သူဇာက လက္ရိွအခ်ိန္ထိတိုင္ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ အေရးၾကီးတဲ့ အခန္းက႑ကေန ပါဝင္သရုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အိုက္တင္ပါးပါးေလးနဲ့ ထိထိမိမိသရုပ္ေဆာင္တတ္တဲ့ စိုးျမတ္သူဇာကို ဒီေန့ဒီအခ်ိန္ထိ စြဲစြဲျမဲျမဲအားေပးေနၾကဆဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြကို ရပ္နားထားျပီး အိမ္မွာပဲ နားနားေနေန အခ်ိန္ကုန္ေနတဲ့ စိုးျမတ္သူဇာက မေန့က ေအာက္တိုဘာလ (၇) ရက္ေန့မွာေတာ့ ဧရာဝတီ ေဖာင္ေဒးရွင္းက အဓိက ပံ့ပိုးကူညီ ဦးေဆာင္မႈျဖင့္ COVID -19 လူနာမ်ားကို လက္ခံကုသေပးလ်က္ရွိေနသည့္ ဧရာဝတီ စင္တာအတြက္ Nice Food Myanmar မွ မုန္မ်ိဳးစုံပုံး (၃၀) ကို လွဴဒါန္းေပးျဖစ္ခဲ့တယ္လို့ သိရပါတယ္။

စိုးျမတ္သူဇာကေတာ့ ကိုဗစ္တုိက္ဖ်က္ေရးအတြက္ ကုသေပးေနတဲ့ ဧရာဝတီစင္တာအတြက္ တတ္နိုင္သေလာက္ေလး ပါဝင္အားျဖည့္ ကူညီေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စိုးျမတ္သူဇာရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ayeyarwady Foundation’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေတဲ့ ဧရာဝတီစင်တာအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီ စိုးမြတ်သူဇာ

မကြီးစိုးလို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်သုံးစုတိုင်တိုင် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာက လက်ရှိအချိန်ထိတိုင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိုက်တင်ပါးပါးလေးနဲ့ ထိထိမိမိသရုပ်ဆောင်တတ်တဲ့ စိုးမြတ်သူဇာကို ဒီနေ့ဒီအချိန်ထိ စွဲစွဲမြဲမြဲအားပေးနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး အိမ်မှာပဲ နားနားနေနေ အချိန်ကုန်နေတဲ့ စိုးမြတ်သူဇာက မနေ့က အောက်တိုဘာလ (၇) ရက်နေ့မှာတော့ ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီ စင်တာအတွက် Nice Food Myanmar မှ မုန်မျိုးစုံပုံး (၃၀) ကို လှူဒါန်းပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စိုးမြတ်သူဇာကတော့ ကိုဗစ်တိုက်ဖျက်ရေးအတွက် ကုသပေးနေတဲ့ ဧရာဝတီစင်တာအတွက် တတ်နိုင်သလောက်လေး ပါဝင်အားဖြည့် ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးမြတ်သူဇာရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ayeyarwady Foundation’s fb
Bilie: Cele Connections