သရုပ္ေဆာင္ နႏၵာလိႈင္ကေတာ့ တစ္ေခတ္တစ္ခါက အနုပညာေလာကမွာ ေတာက္ပခဲ့သူတစ္ေယာက္ျဖစ္ျပီး အကယ္ဒမီဆုေတြကိုလည္း ရရိွပိုင္ဆိုင္ခဲ့ဖူးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္က အိမ္ေထာင္က်ျပီးသြားခ်ိန္မွာေတာ့ အနုပညာအလုပ္ေတြကို လံုးဝရပ္နားလိုက္ျပီး သာမာန္အိမ္ရွင္မတစ္ေယာက္အျဖစ္နဲ့သာ ခင္ပြန္းနဲ့ သမီးေတြကို ျပဳစုေစာင့္ေရွာက္ေနလ်က္ရိွပါတယ္။ ဒါ့အျပင္ နႏၵာလိႈင္က သူမရဲ့ မိဘနွစ္ပါးကို ဂရုစိုက္ေစာင့္ေရွာက္ေနျပီး သိုက္သိုက္ဝန္းဝန္းနဲ့ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးမွာ ေပ်ာ္ေမြ့ေနျပီပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ နႏၵာလိႈင္က ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵေတြကို ေသြဖယ္ျပီး မိဘကိုသာဦးစားေပးတတ္တဲ့ ေမာင္နွမေတြအေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။ “ဆရာဝန္အရမ္းျဖစ္ခ်င္တဲ့ မမႀကီးကေဆးကို တစ္မွတ္နဲ႔ကပ္ျပဳတ္ၿပီး အင္ဂ်င္နီယာျဖစ္ခဲ့ရသလို အင္ဂ်င္နီယာျဖစ္ခ်င္ခဲ့တဲ့ ေမာင္ေလးက ေမေမ့ဆႏၵအရ ဆရာဝန္ျဖစ္ခဲ့ရတယ္။ ဆိုလိုတာက မိဘကအဓိကပါ” ဆိုျပီး မိဘနွစ္ပါးရဲ့ ဆႏၵေတြကို ျဖည့္စည္းေပးတတ္တဲ့ ေမာင္နွမေတြအေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။

ေမာင္ကလည္း တရားဝင္ေဆးကုသခြင့္ရတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ျပီး အနုပညာအလုပ္ေတြလုပ္ခ်ိန္မွာေတာ့ ဆရာဝန္တစ္ေယာက္အျဖစ္ လူသိနည္းခဲ့တာပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္တို့ ေမာင္နွမေတြရဲ့ မိဘေက်းဇူးကိုသိတတ္ျပီး မိဘစိတ္ခ်မ္းသာေအာင္ဖန္တီးေပးတတ္ပံုေလးက ေလးစားအားက်ဖြယ္ပါပဲ။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို သွေဖယ်ပြီး မိဘကိုသာဦးစားပေးတတ်တဲ့ မောင်နှမတွေအကြောင်းပြောပြလာတဲ့ နန္ဒာလှိုင်

သရုပ်ဆောင် နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ တောက်ပခဲ့သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ခဲ့ဖူးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးသွားချိန်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး သာမာန်အိမ်ရှင်မတစ်ယောက်အဖြစ်နဲ့သာ ခင်ပွန်းနဲ့ သမီးတွေကို ပြုစုစောင့်ရှောက်နေလျက်ရှိပါတယ်။ ဒါ့အပြင် နန္ဒာလှိုင်က သူမရဲ့ မိဘနှစ်ပါးကို ဂရုစိုက်စောင့်ရှောက်နေပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ ပျော်မွေ့နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နန္ဒာလှိုင်က ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို သွေဖယ်ပြီး မိဘကိုသာဦးစားပေးတတ်တဲ့ မောင်နှမတွေအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “ဆရာဝန်အရမ်းဖြစ်ချင်တဲ့ မမကြီးကဆေးကို တစ်မှတ်နဲ့ကပ်ပြုတ်ပြီး အင်ဂျင်နီယာဖြစ်ခဲ့ရသလို အင်ဂျင်နီယာဖြစ်ချင်ခဲ့တဲ့ မောင်လေးက မေမေ့ဆန္ဒအရ ဆရာဝန်ဖြစ်ခဲ့ရတယ်။ ဆိုလိုတာက မိဘကအဓိကပါ” ဆိုပြီး မိဘနှစ်ပါးရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးတတ်တဲ့ မောင်နှမတွေအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

မောင်ကလည်း တရားဝင်ဆေးကုသခွင့်ရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေလုပ်ချိန်မှာတော့ ဆရာဝန်တစ်ယောက်အဖြစ် လူသိနည်းခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်တို့ မောင်နှမတွေရဲ့ မိဘကျေးဇူးကိုသိတတ်ပြီး မိဘစိတ်ချမ်းသာအောင်ဖန်တီးပေးတတ်ပုံလေးက လေးစားအားကျဖွယ်ပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie: Cele Connections