


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သူ့ရဲ့ “ကြောင်စာ” ဆိုတဲ့ စာအုပ်လေးကို ပွင့်လင်းစွာ ညွှန်းပေးခဲ့တဲ့ ဖူးစုံကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုပြောလာတဲ့ ဟန်ထူးလွင်

နိုင်ငံကျော် အဆိုတော် ဟန်ထူးလွင်ကတော့ Alternative သီချင်းအမျိုးအစားတွေကို သီဆိုတဲ့ ရှားရှားပါးပါး အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်ထူးလွင်က သွားဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်ထူးလွင်ကတော့ သီချင်းဆို၊ သီချင်းရေးခြင်းအပြင် တူရိယာမျိုးစုံကို တီးခတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စာရေးခြင်းစတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဟန်ထူးလွင်က သူ့ရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ “ကြောင်စာ” စာအုပ်လေးကို လေးလေးနက်နက်ဖတ်ပြီး သုံးသပ်ညွှန်းပြထားတဲ့ သရုပ်ဆောင်ဖူးစုံရဲ့ ဗီဒီယိုလေးကို Share ပြီး “For the first time in my life I feel like I’m over-credited 😅ကျေးဇူးတင်ပါတယ်။ အညွှန်းကောင်းလို့ ကိုယ့်စာအုပ်ကိုယ်ပြန်ဝယ်ချင်သွားတယ်။ 😅❤️” ဆိုပြီး ဖူးစုံကို ကျေးဇူးတင်စကား ပြောလာပါတယ်။

ဖူးစုံကတော့ အဆိုတော် ဟန်ထူးလွင်နဲ့ ခင်မင်ရင်းနှီးခြင်းမရှိပေမယ့် သူမမြင်သမျှ၊ ဖတ်မိသမျှ၊ ခံစားသမျှကို ပွင့်ပွင့်လင်းလင်းပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖူးစုံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ဟန်ထူးလွင်ရဲ့ “ကြောင်စာ” စာအုပ်လေးကို ဖတ်ချင်စိတ်တွေပေါ်လာမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Han Htue Lwin & Phu Sone’s fb
Bilie: Cele Connections