လွပတဲ့ မ်က္ခံုး၊ မ်က္လံုးေလးေတြနဲ့ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး အကယ္ဒမီဆုၾကီးတစ္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ စိုးျပည့္သဇင္က အေနေအးျပီး တည္ျငိမ္သူတစ္ေယာက္ျဖစ္ေပမယ့္ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာေတာ့ က်ရာကာရိုက္တာအေပၚ စိတ္ေရာလူပါ နစ္ျမွပ္ျပီး သရုပ္ေဆာင္နိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

သရုပ္ေဆာင္တစ္ေယာက္ပီပီ အျပင္မွာဘယ္လိုပံုစံမ်ိဳးနဲ့ေနေန ဒါရိုက္တာက စတင္သရုပ္ေဆာင္ခိုင္းတဲ့အခ်ိန္မွာေတာ့ ဇာတ္ေကာင္စရိုက္နဲ့ တစ္သားတည္းက်ေအာင္ သရုပ္ေဆာင္ရတဲ့ စိုးျပည့္သဇင္က ဒီေန့မွာလည္း ဇာတ္ကားေတြမွာ ပရိသတ္ေတြ သနားေလာက္ေအာင္ သရုပ္ေဆာင္ျပေပမယ့္ တကယ့္လက္ေတြ့မွာေတာ့ မိန္းကေလးပီပီ မွန္ေလးတၾကည့္ၾကည့္နဲ့သာရိွေၾကာင္း ျပသလာခဲ့ပါတယ္။

စိုးျပည့္သဇင္ကေတာ့ မိန္းကေလးပီပီ ဘယ္ေလာက္ပဲ အလွၾကိဳက္ၾကိဳက္ ဇာတ္ေကာင္စရိုက္ကို Mood ဝင္သြားရင္ေတာ့ က်ရာပံုစံအတိုင္း သရုပ္ေဆာင္တတ္တာ ပရိသတ္ၾကီးလည္း သိျပီးသား ျဖစ္ပါလိမ့္မယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Soe Pyae Thazin’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုပ်ရှင်ဇာတ်ကားတွေမှာ ပရိသတ်သနားရလောက်အောင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းနောက်ကွယ်က တကယ့်ဖြစ်ပုံကို ပြသလာတဲ့ စိုးပြည့်သဇင်

လှပတဲ့ မျက်ခုံး၊ မျက်လုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်က အနေအေးပြီး တည်ငြိမ်သူတစ်ယောက်ဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာတော့ ကျရာကာရိုက်တာအပေါ် စိတ်ရောလူပါ နစ်မြှပ်ပြီး သရုပ်ဆောင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ယောက်ပီပီ အပြင်မှာဘယ်လိုပုံစံမျိုးနဲ့နေနေ ဒါရိုက်တာက စတင်သရုပ်ဆောင်ခိုင်းတဲ့အချိန်မှာတော့ ဇာတ်ကောင်စရိုက်နဲ့ တစ်သားတည်းကျအောင် သရုပ်ဆောင်ရတဲ့ စိုးပြည့်သဇင်က ဒီနေ့မှာလည်း ဇာတ်ကားတွေမှာ ပရိသတ်တွေ သနားလောက်အောင် သရုပ်ဆောင်ပြပေမယ့် တကယ့်လက်တွေ့မှာတော့ မိန်းကလေးပီပီ မှန်လေးတကြည့်ကြည့်နဲ့သာရှိကြောင်း ပြသလာခဲ့ပါတယ်။

စိုးပြည့်သဇင်ကတော့ မိန်းကလေးပီပီ ဘယ်လောက်ပဲ အလှကြိုက်ကြိုက် ဇာတ်ကောင်စရိုက်ကို Mood ဝင်သွားရင်တော့ ကျရာပုံစံအတိုင်း သရုပ်ဆောင်တတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb
Bilie: Cele Connections