


Source: Zay Thiha ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိဘကပြောစရာမလိုပဲနဲ့ကို ညအိပ်ချိန်မှာ ညီညီညာညာ ဘုရားစာရွတ်ရင်း ဘုရားဝတ်ပြုနေကြတဲ့ နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်

လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်ဝန်းကျင်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို ပရိသတ်တိုင်းလိုလို ချစ်ကြမယ် ထင်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရသွားသည့်တိုင် အခုချိန်ထိ လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုအတွက် အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်သာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်ဖြစ်တဲ့ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်တို့ကလည်း ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးလွန်းတာကြောင့် ပရိသတ်တွေကတောင် ချီးကျူးရသူလေးတွေ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန္ဒာလှိုင်ရဲ့ သမီးသုံးယောက်စလုံးက ညအိပ်ချိန်မှာ မိဘကပြောစရာမလိုပဲနဲ့ကို ညီညီညာညာ ဘုရားစာရွတ်ရင်း ဘုရားဝတ်ပြုနေကြတာကို သူတို့လေးတွေရဲ့ဖေဖေ ကိုဇေသီဟက အခုလိုပဲ မျှဝေပေးထားပါတယ်။

နန္ဒာလှိုင်ကတော့ သမီးတွေကို ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာပေမယ့် စည်းနဲ့ကမ်းနဲ့ နေတတ်အောင် သေသေချာချာ စနစ်တကျ ပြုစုပျိုးထောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်ကိုကြည့်ပြီး အံ့သြချီးကျူးနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Thiha ‘s fb
Bilie: Cele Connections