အဆိုေတာ္ေတြျဖစ္ၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕အိမ္ေဂဟာေလးကေတာ့ အရမ္းကို ခ်စ္စရာေကာင္းတဲ့ သမီးေလးေတြေၾကာင့္ အျမဲလိုလို ရယ္ေမာသံေတြနဲ႔ ဆူညံေနရတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ​​​ေမေမ ခ်စ္သုေဝက ေခတ္ေလး၊ သစ္​​ေလးတို႔နဲ႔အတူ အိမ္မွာပဲေနရင္း ေဖာင္ေဒးရွင္းအလုပ္ေတြကို ဦးစီးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆရာဝန္တစ္ေယာက္လည္းျဖစ္တဲ့ ခ်စ္သုေဝက ျပည္သူလူထုအတြက္ က်န္းမာေရးဆိုင္ရာ အသိေပးခ်က္ေတြကို ေျပာျပေပးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ခ်စ္သုေဝရဲ့ သမီးေလးနွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ့သစ္ကို ခ်စ္စဖြယ္ အဝတ္အစားနဲ့ Mask ေလးေတြ ဆင္ေပးရင္း “Maskတပ္ၾကပါ..စနစ္တက် စြန္႔ပစ္ၾကပါ.. အက်အန ေမးေစ့မွာလည္းမခ်ိတ္ရ! COVID 1st wave အစ ကတည္းကပုံေလးေတြပါ😍” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝလာပါတယ္။ ပရိသတ္ၾကီးအတြက္ ေခတ္နဲ့သစ္ရဲ့ ခ်စ္စဖြယ္ပံုရိပ္ေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေခတ္ေလးနဲ့ သစ္ေလးကေတာ့ ဦးဦးေဒၚေဒၚ၊ ကိုကို မမေတြကို Mask ေတြကို စနစ္တက်တပ္ျပီး စြန့္ပစ္ၾကဖို့ ခ်စ္စဖြယ္ပံုရိပ္ေလးေတြနဲ့ သရုပ္ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေခတ္ေလးနဲ့ သစ္ေလးလို Mask ကို စနစ္တက် တပ္ျပီး၊ စနစ္တက် စြန့္ပစ္ဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Mask တွေကို စနစ်တကျတပ်ပြီး စွန့်ပစ်ကြဖို့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ သရုပ်ပြလာခဲ့တဲ့ ခေတ်နဲ့သစ်

အဆိုတော်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတွေကြောင့် အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေ ချစ်သုဝေက ခေတ်လေး၊ သစ်လေးတို့နဲ့အတူ အိမ်မှာပဲနေရင်း ဖောင်ဒေးရှင်းအလုပ်တွေကို ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေက ပြည်သူလူထုအတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်တွေကို ပြောပြပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို ချစ်စဖွယ် အဝတ်အစားနဲ့ Mask လေးတွေ ဆင်ပေးရင်း “Maskတပ်ကြပါ..စနစ်တကျ စွန့်ပစ်ကြပါ.. အကျအန မေးစေ့မှာလည်းမချိတ်ရ! COVID 1st wave အစ ကတည်းကပုံလေးတွေပါ😍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေတ်လေးနဲ့ သစ်လေးကတော့ ဦးဦးဒေါ်ဒေါ်၊ ကိုကို မမတွေကို Mask တွေကို စနစ်တကျတပ်ပြီး စွန့်ပစ်ကြဖို့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ သရုပ်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်လေးနဲ့ သစ်လေးလို Mask ကို စနစ်တကျ တပ်ပြီး၊ စနစ်တကျ စွန့်ပစ်ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie: Cele Connections