


 

Source: Warso Moe Oo
ယူနီကုတ်ဖြင့်ဖတ်ရန်

” မျိုးနဲ့ရိုးနဲ့ လှသူတွေဖြစ်ကြောင်း မိမိုက်ကာအထာကျလွန်းတဲ့သူမရဲ့ ညီအစ်မတွေကို ထုတ်ကြွာလိုက်တဲ့ ဝါဆိုမိုးဦး”

CeleConnections ပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့အမျှတစ်သွေးတစ်မွှေးပိုပိုလှလာတဲ့ မင်းသမီးလေးပါပဲနော်။ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး အမြဲ Gymကစားကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

အမြဲ လိုလို ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေကိုဝတ်ဆင်လေ့ရှိပြီး အင်တာနေရှင်နယ် ဆန်တဲ့ အမိုက်စားပုံရိပ်တွေကိုမကြာမကြာ ​ဆိုရှယ်မီဒီယာပေါ်ဝေမျှလေ့ရှိတာပါ။ လက်ရှိမှာ သူမရဲ့အချစ်ရေးကတော​့ Snare အဖွဲ့အဆိုတော် ဖြိုးလေးနဲ့ ဖြစ်ပြီး ​ပရိသတ်တွေအထူးအားပေးဝန်းရံကြတဲ့ အမုပညာရှင်စုံတွဲတွေထဲက တစ်တွဲ​ပါပဲနော်။

သူမအနေနဲ့ ဒီနေ့မှာတော့ မျိုးနဲ့ရိုးနဲ့ချောကြောင်းကို သူမရဲ့ ညီအစ်မတွေနဲ့အတူရိုက်ကူးထားတဲ့ပုံလေးကို ဝေမျှခဲ့တာပါ။”ဆိုဆိုတို့ညီအမတွေပေါ့”ဆိုတဲ့စာလေးနဲ့အတူ အမိုက်စားဖက်ရှင်တွေနဲ့ မိမိုက်နေတဲ့ ညီအစ်မတွေကို ချပြခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း အရမ်းကိုမိမိုက်နေတဲ့ဆိုဆိုတို့ညီအစ်မတွေ ကို ကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Warso Moe Oo
Candy -CeleConnections