


ယူနီကုဒ်ဖြင့်ဖတ်ရန်

ရွှေထူးနဲ့ ချစ်သူဘဝတုန်းက အမေမသိအောင် ခိုးတွေ့ခဲ့ဖူးတဲ့အကြောင်း ရိုးသားစွာဝန်ခံလာတဲ့ ရွှေမှုံရတီ

တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ဇနီးချောလေးကို အရမ်းချစ်ပြီး မျက်နှာတစ်ချက် အငြိုးမခံတဲ့ ရွှေထူးနဲ့ ခင်ပွန်းသည်ကို လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုတွေပေးနေတဲ့ ရွှေမှုံရတီတို့ကို ပရိသတ်တွေကလည်း သဘောကျကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သက်တမ်း (၂) နှစ်နီးပါးတိုင် တစ်ယောက်ကိုတစ်ယောက် ကြင်စဦးဇနီးမောင်နှံလို သည်းသည်းလှုပ် ချစ်နေကြဆဲ ဖြစ်ပါတယ်။

တိုတောင်းတဲ့အချိန်လေးအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ရေးက အစပိုင်းမှာတော့ နှစ်ဘက်မိဘတွေသဘောမတူခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေမှုံရတီက သူမတို့ချစ်သူဘဝကအကြောင်းတွေကို “🙏🏻အမေ 🙏🏻😬မသိအောင်ခိုးတွေ့ခဲ့ဘူးလား?😬 😅ကိုတွေကတော့😬တွေ့ဘူးတယ်” ဆိုပြီး သူမတို့ရဲ့အကြောင်းလေးကို ရိုးသားစွာ ဝန်ခံလာတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ရေးက အစပိုင်းမှာတော့ ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် အခုဆိုရင် နှစ်ဘက်မိဘတွေလည်း သဘောတူကြည်ဖြူစွာနဲ့ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အမေမသိအောင် ချစ်သူနဲ့ ချိန်းတွေ့ဖူးလားဆိုတာ အမှတ်တရပြောပြသွားခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie: Cele Connections