


ယူနီကုဒ်ဖြင့်ဖတ်ရန်

နေကောင်းကျန်းမာစွာနဲ့ ဆေးရုံပေါ်ကဆင်းခွင့်ရခဲ့ပြီဆိုတဲ့ အစီအစဉ်တင်ဆက်သူ ဇော်ဝင်းနိုင်

ရုပ်သံအစီအစဉ်တင်ဆက်သူ ဇော်ဝင်းနိုင်ကတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး အသက်ရှုကြပ်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းနိုင်ကတော့ ဆေးရုံတက်နေစဉ်အချိန်အတွင်းမှာ သူကြုံခဲ့ရတဲ့ အခက်အခဲ ပြဿနာတွေကို လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပြောပြခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ဇောဝင်းနိုင်က နေကောင်းသက်သာလာပြီဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“အားလုံးပို့သတဲ့ ဆုတောင်းတွေနဲ့ကျွန်တော် အိမ်ပြန်ရောက်ပါပြီခင်ဗျ။🙏🏠 ဒီနေ့ နေ့လည်(၃)နာရီကျော်လောက်က ဖောင်ကြီးကနေပြန်ရောက်ပါတယ်။ အိမ်ပြန်လာရတဲ့ရက်တွေထဲမှာ ဒီနေ့အိမ်ပြန်ရောက်တာ ဘယ်လိုပျော်မှန်းမသိဘူး🙂” ဆိုပြီး နေကောင်းသက်သာပြီး ဆေးရုံကဆင်းတဲ့အချိန်မှာ အိမ်ကိုပြန်ရောက်လို့အရမ်းဝမ်းသာတဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူ ကိုဇော်ဝင်းနိုင်ကတော့ အခုဆိုရင် Negative ဖြစ်ပြီး ကျန်းမာစွာနဲ့ သူ့ရဲ့နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကိုဇော်ဝင်းနိုင်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zaw Win Naing’s fb
Bilie: Cele Connections