


Source: Chue Chue’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်ခံရသူလေးတစ်ယောက်ပီပီ မွေးနေ့မှာ ကိတ်မုန့်နဲ့ ပန်းစည်းတွေအများကြီး လက်ဆောင်ရရှိခဲ့တဲ့ ခြူးလေး

“ထာဝရမန္တလေး” ဇာတ်လမ်းတွဲကြီးထဲက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်မလေး ငွေရည်နှင်းစက်ဆိုပြီး ပရိသတ်တွေ စတင်အားပေးခဲ့ကြတဲ့ ခြူးလေးကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကြိုးစားခဲ့တဲ့ ခြူးလေးကတော့ အလုပ်လုပ်ရင်ပါလည်း စေတနာပါပါနဲ့ အကောင်းဆုံးလုပ်တတ်သူတစ်ဦးမို့ ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၅) ရက်နေ့ကတော့ ခြူးလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခြူးလေးကတော့ အချစ်ခံရသူလေးတစ်ယောက်ပီပီ သူမရဲ့ မွေးနေ့မှာ မွေးနေ့ကိတ်တွေများစွာနဲ့ ပန်းစည်းလှလှလေးတွေကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေပေးထားပါတယ်။

ခြူးလေးကတော့ အမြဲတမ်း ပြုံးနေတတ်ပြီး ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ကြရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းလွန်းတဲ့ မွေးနေ့ရှင် ခြူးလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chue Chue’s fb
Bilie: Cele Connections