နိုင္ငံေက်ာ္ အနုပညာရွင္ ယုန္ေလးကေတာ့ အနုပညာအလုပ္ေတြအေပၚမွာလည္း သူမ်ားတကာထက္ ၾကိဳးစားလုပ္ကိုင္သလို ပရဟိတစိတ္လည္း ျပင္းထန္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခက္အခဲျဖစ္ေနတဲ့ မည္သူ့ကိုမဆို ကူညီေပးခ်င္တဲ့ ယုန္ေလးက ျပီးခဲ့တဲ့စက္တင္ဘာလကလည္း ေျခေထာက္ကို ပုလင္းကြဲရွရာမွ အနာရင္းျပီး ေျခေထာက္ျဖတ္ရေတာ့မလိုျဖစ္ေနတဲ့ ညီငယ္ေလးတစ္ေယာက္ကို သူကိုယ္တိုင္ ဦးစီး အလွဴေငြေကာက္ခံျပီး ေဆးရံုတင္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ယုန္ေလးက ထိုေကာင္ေလးရဲ့ ဝမ္းသာစရာသတင္းေကာင္းကို “9 လပိုင္း ၁၁ ရက္ေန႔က ေဆးရံုတင္ထားတဲ့ညီေလး ေျခေထာက္လည္း မျဖတ္ရေတာ့ပါဘူး။ အခု ေက်ာက္ပတ္တီးေလးေတာ့ကိုင္ထားပါတယ္။ အနံ႔ေတြ ျပည္ေတြ ဘာမွ မရိွေတာ့ပါဘူး။ ေကာင္းမြန္စြာ ေဆးရံုက ဆင္းလာပါၿပီ။ စ မ တည္ၿပီး ေကာက္ခံတဲ့ အလႉေငြ (၂၄) သိန္းေက်ာ္ရပါတယ္။ သူေနတဲ့ေနရာနဲ႔ သူလုပ္ႏိုင္တဲ့ အဆင္ေျပမယ့္ ပံုမွန္ဝင္ေငြရမယ့္ အလုပ္ေလး စဥ္းစားေနပါတယ္။ စဥ္းစားၿပီးရင္ အေကာင္ထည္ေဖာ္ေပးလိုက္ပါမယ္။ အလႉရွင္မ်ား သာဓု ေခၚလို႔ရေအာင္ တင္ေပးတာပါ ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝလာပါတယ္။

ယုန္ေလးကေတာ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အခက္အခဲျဖစ္ေနတဲ့လူေတြကိုေတြ့တိုင္း သူကိုယ္တိုင္သြားေရာက္ျပီး တတ္နိုင္သေလာက္ ကူညီေဖးမေပးေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ယုန္ေလးနဲ့တကြ (၇) ရက္သားသမီးအလွဴရွင္ေတြေၾကာင့္ က်န္းမာေရးေကာင္းျပီး ကိုယ္ပိုင္အလုပ္ေလးရေတာ့မယ့္ ေကာင္ေလးအတြက္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yone Lay’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူကိုယ်တိုင်ဆေးရုံတင်ပေးပြီး ခြေထောက်ဖြတ်ဖို့စီစဉ်ထားတဲ့ ညီလေးတစ်ယောက်ရဲ့ ဝမ်းသာစရာသတင်းကောင်းကို ပြောလာတဲ့ ယုန်လေး

နိုင်ငံကျော် အနုပညာရှင် ယုန်လေးကတော့ အနုပညာအလုပ်တွေအပေါ်မှာလည်း သူများတကာထက် ကြိုးစားလုပ်ကိုင်သလို ပရဟိတစိတ်လည်း ပြင်းထန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ မည်သူ့ကိုမဆို ကူညီပေးချင်တဲ့ ယုန်လေးက ပြီးခဲ့တဲ့စက်တင်ဘာလကလည်း ခြေထောက်ကို ပုလင်းကွဲရှရာမှ အနာရင်းပြီး ခြေထောက်ဖြတ်ရတော့မလိုဖြစ်နေတဲ့ ညီငယ်လေးတစ်ယောက်ကို သူကိုယ်တိုင် ဦးစီး အလှူငွေကောက်ခံပြီး ဆေးရုံတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ယုန်လေးက ထိုကောင်လေးရဲ့ ဝမ်းသာစရာသတင်းကောင်းကို “9 လပိုင်း ၁၁ ရက်နေ့က ဆေးရုံတင်ထားတဲ့ညီလေး ခြေထောက်လည်း မဖြတ်ရတော့ပါဘူး။ အခု ကျောက်ပတ်တီးလေးတော့ကိုင်ထားပါတယ်။ အနံ့တွေ ပြည်တွေ ဘာမှ မရှိတော့ပါဘူး။ ကောင်းမွန်စွာ ဆေးရုံက ဆင်းလာပါပြီ။ စ မ တည်ပြီး ကောက်ခံတဲ့ အလှူငွေ (၂၄) သိန်းကျော်ရပါတယ်။ သူနေတဲ့နေရာနဲ့ သူလုပ်နိုင်တဲ့ အဆင်ပြေမယ့် ပုံမှန်ဝင်ငွေရမယ့် အလုပ်လေး စဉ်းစားနေပါတယ်။ စဉ်းစားပြီးရင် အကောင်ထည်ဖော်ပေးလိုက်ပါမယ်။ အလှူရှင်များ သာဓု ခေါ်လို့ရအောင် တင်ပေးတာပါ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေလာပါတယ်။

ယုန်လေးကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခက်အခဲဖြစ်နေတဲ့လူတွေကိုတွေ့တိုင်း သူကိုယ်တိုင်သွားရောက်ပြီး တတ်နိုင်သလောက် ကူညီဖေးမပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးနဲ့တကွ (၇) ရက်သားသမီးအလှူရှင်တွေကြောင့် ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်အလုပ်လေးရတော့မယ့် ကောင်လေးအတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie: Cele Connections