MRTV 4 ရုပ္သံဇာတ္လမ္းတြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ၾကတဲ့ မင္းသားေခ်ာ၊ မင္းသမီးေခ်ာေလးေတြျဖစ္တဲ့ ေခးဆက္သြင္၊ ဘုန္းဆက္သြင္နဲ့ စိုေျပျမင့္တို့ကို ပရိသတ္ၾကီးအားလံုး သိျပီးသား ျဖစ္မွာပါ။

ေခးဆက္သြင္၊ ဘုန္းဆက္သြင္နဲ့ စိုေျပျမင့္တို့ သူငယ္ခ်င္းေတြက တူညီတဲ့ အနုပညာလမ္းမမွာ ေလွ်ာက္လွမ္းေနၾကသူမ်ားျဖစ္ျပီး အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ သြားအတူ၊ စားအတူ၊ လာအတူ ခ်စ္ၾကတဲ့ သူငယ္ခ်င္းေကာင္းေတြပဲ ျဖစ္ၾကပါတယ္။

ပရိသတ္ေတြကလည္း သူငယ္ခ်င္းသံုးေယာက္ကို တြဲျမင္ၾကတဲ့အထိ ခ်စ္ခင္ေပးေနၾကတာေၾကာင့္ ေခးဆက္သြင္တို့ သူငယ္ခ်င္းေတြက တစ္ေန့တစ္ျခား လူခ်စ္လူခင္ေပါမ်ားလာတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၃) ရက္ေန့ကေတာ့ စိုေျပျမင့္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေခးဆက္သြင္နဲ့ ဘုန္းဆက္သြင္တို့က စိုေျပျမင့္အတြက္ Birthday Surprise လုပ္ေပးခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့အေၾကာင္းကို “🎉🎁Happy Birthday သားငယ္ေလး🎉🎁 အသက္ရွည္က်န္းမာ ခုလိုပဲ အပူအပင္မရွိ ေပ်ာ္႐ႊင္ေနႏိုင္ပါေစေနာ္။

စည္းစည္းလုံးလုံး ေအာင္ျမင္ေပ်ာ္႐ႊင္မႈေတြနဲ႔ တစ္သက္လုံး တူတူေရွ႕ဆက္ၾကမယ္🤍🤍🤍 မူးလဲခ်င္ေယာင္ေဆာင္ၿပီး supriseလုပ္တာမိသြားတယ္ ၿဂိဳလ္သားႏွစ္ေကာင္ေၾကာင့္😂😂” ဆိုျပီး သူငယ္ခ်င္းေတြရဲ့ ေပ်ာ္စရာ အမွတ္တရေလးကို အခုလိုပဲ မွ်ေဝေပးထားပါတယ္။

ေခးဆက္သြင္နဲ့ ဘုန္းဆက္သြင္တို့ကေတာ့ စိုေျပျမင့္ကို ေမြးေန့မွာ အံ့ၾသဝမ္းသာသြားရေအာင္ တိုင္ပင္စီစဥ္ခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ အစီအစဥ္ေတြလြဲေခ်ာ္ျပီး မေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္စရာေကာင္းတဲ့ သူငယ္ခ်င္းသံုးေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khay Sett Thwin’s fb
Bilie: Cele Connections

ယူနီကုဒ္ျဖင့္ဖတ္ရန္

MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသားချော၊ မင်းသမီးချောလေးတွေဖြစ်တဲ့ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ကို ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။

ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်းတွေက တူညီတဲ့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေကြသူများဖြစ်ပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သွားအတူ၊ စားအတူ၊ လာအတူ ချစ်ကြတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ကြပါတယ်။

ပရိသတ်တွေကလည်း သူငယ်ချင်းသုံးယောက်ကို တွဲမြင်ကြတဲ့အထိ ချစ်ခင်ပေးနေကြတာကြောင့် ခေးဆက်သွင်တို့ သူငယ်ချင်းတွေက တစ်နေ့တစ်ခြား လူချစ်လူခင်ပေါများလာတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့ကတော့ စိုပြေမြင့်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့က စိုပြေမြင့်အတွက် Birthday Surprise လုပ်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အကြောင်းကို “🎉🎁Happy Birthday သားငယ်လေး🎉🎁 အသက်ရှည်ကျန်းမာ ခုလိုပဲ အပူအပင်မရှိ ပျော်ရွှင်နေနိုင်ပါစေနော်။

စည်းစည်းလုံးလုံး အောင်မြင်ပျော်ရွှင်မှုတွေနဲ့ တစ်သက်လုံး တူတူရှေ့ဆက်ကြမယ်🤍🤍🤍 မူးလဲချင်ယောင်ဆောင်ပြီး supriseလုပ်တာမိသွားတယ် ဂြိုလ်သားနှစ်ကောင်ကြောင့်😂😂” ဆိုပြီး သူငယ်ချင်းတွေရဲ့ ပျော်စရာ အမှတ်တရလေးကို အခုလိုပဲ မျှဝေပေးထားပါတယ်။

ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့ကတော့ စိုပြေမြင့်ကို မွေးနေ့မှာ အံ့သြဝမ်းသာသွားရအောင် တိုင်ပင်စီစဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အစီအစဉ်တွေလွဲချော်ပြီး မအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khay Sett Thwin’s fb
Bilie: Cele Connections

ယူနီကုဒ်ဖြင့်ဖတ်ရန်