


 

Source : Thinzar Nwe Win
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမကိုယ်တိုင်ပြုလုပ်ပေးထားတဲ့ Handmade ဖုန်းထည့်စင်လေးကို အသုံးပြုနေတဲ့ ခင်ပွန်းအား ဓာတ်ပုံခိုးရိုက်ကာ ကြည်နူးပျော်ရွှင်နေတဲ့သဉ္ဇာနွယ်ဝင်း”

CeleConnectionsပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းကတော့ သရုပ်ဆောင်မင်းသမီးဟောင်းတစ်ဦးဖြစ်ပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သူ့ရဲ့အနုပညာအလုပ်တွေကို ရပ်နားခဲ့တာပါ။ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပေမယ့်လည်း အခုချိန်ထိ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာအောက်ကို ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဘဲ သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို အားပေးလျက်ရှိနေကြဆဲပါပဲနော်။

အခုဆိုရင် သဉ္ဇာနွယ်ဝင်းဟာ သားဦးလေးနဲ့ ဒုတိယရင်သွေးလေးကတော့ သမီးလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။အလိုလိုက်အကြိုက်ဆောင်ကာ အရာရာဖြည့်ဆည်းပေးတဲ့ခင်ပွန်းလောင်းကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကိုပိုင်ဆိုင်ထားနိုင်တဲ့ မင်းသမီးဟောင်းတစ်လက်လို့ ဆိုရမှာပါ။

လက်ရှိမှာလည်းသူမတို့မိသားစုရဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိနေတာပါ။ လတ်တလောမှာလည်း သူမရဲ့ခင်ပွန်းဖြစ်သူကို သူမကိုယ်တိုင် Hand madeပြုလုပ်ပေးထားတဲ့
အိပ်ရာထဲမှာ ဖုန်းကြည့်ဖို့ အဆင်ပြေစေရန် ဖုန်းထည့်စရာလေးကို ပြုလုပ်ပေးခဲ့ကာ ခင်ပွန်းသည်ကသူမပြုလုပ်ပေးထားတဲ့ အရာလေးကိုအသုံးပြုနေတဲ့အချိန် ဓာတ်ပုံခိုးရိုက်ကာတင်လာခဲ့တာပါ။ တကယ့်ကိုကြည်နူးဖို့ကောင်းတဲ့ မိသားစုလေးပါပဲနော်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Thinzar Nwe Win
Candy –CeleConnections