ယူနီကုတ်ဖြင့်ဖတ်ရန်
” ရိုက်ကူးရေးတူတူလုပ်ရင်း ပိုင်ဖြိုးသု ချက်ကျွေးတဲ့ ဒံပေါက်လက်ရာ​ကို သဘောကျကာ ပြောပြလာတဲ့ သဇင်ထူးမြင့်”
CeleConnections ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့သူပါ။
သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။သူမကတော့အခုချိန်ထိ အချစ်ရေးသတင်းလည်းဘာမှမကြားရဘဲ မိသားစုသူငယ်ချင်းတွေကိုအချိန်ပေးကာ Singleအ​ဖြစ်တစ်ယောက်ထဲအေးချမ်းစွာနေထိုင်တတ်သူပဲ ဖြစ်ပါတယ်။
လ​က်ရှိမှာလည်းသူမရဲ့ဖေဖေကိုယ်တိုင်ဒါရိုက်တာလုပ်ကာရိုက်ကူးနေတဲ့ “ဆိုးပေ”ရုပ်ရှင်ကိုရိုက်ကူးကာ မန္တလေးမှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မန္တလေးမှာရောက်ရှိနေတာ ၂လလောက်ရှိတဲ့အပြင် ဆိုးပေကားမှာပါဝင်တဲ့ မင်းသမီးပိုင်ဖြိုးသုလည်းရောက်ရှိနေတာပါ။လက်ရှိမှာလည်း အဖွဲ့သားတွေကို တမျိူးပြီးတစ်မျိုးချက်ကျွေးနေတဲ့ သုသုကတော့ ဒီနေ့မှာလည်းဒံပေါက်ချက်ကျွေးကြောင်း ကို သဲလေးတစ်ယောက်သူမရဲ့Mydayမှာတင်လာခဲ့တာပါ။ ဘက်စုံတော်တဲ့သုသုကိုတော့ သဇင်ထူးမြင့်တစ်ယောက်အချစ်တွေပိုနေပါပြီနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Thazin Htootoo Myint ‘sMy day
Candy – CeleConnections