


Source:Zin Thae Naing
ယူနီကုတ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေအံ့သြကာ ချီးကျူးရလောက်တဲ့ထိ ထူးခြားပြီးတော်လွန်းတဲ့သူမရဲ့ ကိတ်မုန့်ဖုတ်ကာအလှဆင်ခဲ့တဲ့လက်ရာလေးတွေကို ချပြခဲ့တဲ့ဇင်သဲနိုင်”

Cele Connectionsပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းလို့ပြောလိုက်တာနဲ့ သူ့ရဲ့ချစ်ဇနီးချောလေး ဇင်သဲနိုင်ကို အလိုလိုတွဲ မြင်မိကြမယ်ထင်ပါတယ်နော်။နေနဲ့လရွှေနဲ့မြလိုလိုက်ဖက်ညီပြီး နှစ်ယောက်လုံးက အရမ်းချောကြတဲ့အပြင် အမြဲရိုမန့်တစ်ဆန်တတ်တဲ့ ဇနီးမောင်နှံအဖြစ်ပရိသတ်တွေက သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ဒါ့အပြင်ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်နဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဆယ်နှစ်ကျော် အသက်ကွာတဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ဇနီးမောင်နှံကတော့ သူတို့နဲ့ ထပ်တူ ချောမောလွန်းလှတဲ့သားသမီး၃ယောက်ကိုပိုင်ဆိုင်ထားတဲ့အချိန်ထိ အချစ်တွေကအမြဲလတ်ဆတ်ကာ ရိုမန့်ဆန်တဲ့ ဇနီးမောင်နှံတွေပါပဲနော်။လက်ရှိStay Homeကာလမှာလည်း ဇင်သဲနိုင်ကတော့ ကိတ်မုန့်တွေကို အော်ဒါလက်ခံကာ ရောင်းချနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ”October 5th ရဲ့ မွေးနေ့ရှင်များအတွက်မွေးနေ့ကိတ်တွေလုပ်ပေးတဲ့အခါမှာ ဘာပုံလိုချင်တယ်ဆိုလိုချင်တာလေးလုပ်ပေးလိုက်ရင် ရပီ😉မဟုတ်ပဲ လှသလိုလေး ကောင်းမယ်ထင်တာလေး လုပ်ပေးပါဆို ဒေါ်သဲတိုင်ပတ်ပီ မွေးနေ့ရှင်အသက် အကြိုက် အရောင် ဘာအလုပ်လုပ်တယ် interviewရတော့တာ😁😁😁ဒီcake၃လုံးစလုံးက အဆင်ပြေတာလုပ်ပေးပါဆိုပီး လာအပ်သွားတာ”ဆိုတဲ့စာလေးနဲ့သူမရဲ့ လက်ရာကိတ်မုန့်ပုံလေးကို တင်လာခဲ့တာပါ။ပရိသတ်တွေကတော့ တကယ့်ကိုအံ့သြကာ တော်လွန်းတဲ့သူမလက်ရာကိုချီးကျူးနေကြတာပါ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:Zin Thae Naing
Candy -CeleConnections