ဆြဲေဆာင္မႈျပင္းၿပီး အခ်ိဳးအစားက်တဲ့ မ်က္ႏွာေလးကိုပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး နန္းဆုဦးကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာလည္း က်ရာဇာတ္႐ုပ္ကို အပီအျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္သူေလးပဲ ျဖစ္ပါတယ္။ ႐ုပ္ရည္ေခ်ာေမာလွပသလို စိတ္ရင္းေလးကလည္း ျဖဴတာေၾကာင့္ ပရိသတ္ေတြၾကားမွာ နန္းဆုရယ္လို႔ အသည္းေက်ာ္ေလး ျဖစ္ေနရတာပါ။ နန္းဆုဦးကေတာ့ ေနာက္ပိုင္းမွာ အႏုပညာလႈပ္ရွားမႈေတြ နည္းပါးသြားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ အရင္ကအတိုင္း အခ်စ္မေလ်ာ့ၾကေသးတာကို ေတြ႕ရပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ (၅) ရက္ေန႔ကေတာ့ နန္းဆုဦးရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ နန္းဆုဦးက သူမရဲ႕ ေမြးေန႔မွာ ႏွစ္စဥ္ႏွစ္တိုင္း အလႉအတန္းေတြ ျပဳလုပ္ျဖစ္သလို ဒီႏွစ္မွာလည္း သူမရဲ႕ ခ်စ္ပရိသတ္မ်ားနဲ႔အတူတူ စုေပါင္းၿပီး ဦးေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္း (ရန္ကုန္) ကို အလႉေငြ က်ပ္ (၉) သိန္းတိတိ လႉဒါန္းကုသိုလ္ယူခဲ့တယ္လို႔ သိရပါတယ္။

နန္းဆုဦးကေတာ့ ေမြးေန႔မွာ ေထြေထြထူးထူး အစီအစဥ္ေတြကို မလုပ္ျဖစ္ေပမယ့္ သူမရဲ႕ ခ်စ္ပရိသတ္ေတြရဲ႕ အလႉအတန္းေတြကိုေတာ့ အၿမဲတမ္း ျပဳလုပ္ေလ့ရွိတာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ နန္းဆုဦးတစ္ေယာက္ အႏုပညာေလာကမွာ ဒီထက္မက ထင္ေပၚေက်ာ္ၾကားၿပီး အကယ္ဒမီဆုႀကီးေတြကိုလည္း ဆြတ္ခူးႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: နာေရးကူညီမႈအသင္း-ရန္ကုန္ အလႉရွင္မ်ား’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူတူစုပေါင်းပြီး နာရေးကူညီမှုအသင်းကို အလှူငွေ (၉)သိန်းကျပ်တိတိ လှူဒါန်းခဲ့တဲ့ နန်းဆုဦး

ဆွဲဆောင်မှုပြင်းပြီး အချိုးအစားကျတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းဆုဦးကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပသလို စိတ်ရင်းလေးကလည်း ဖြူတာကြောင့် ပရိသတ်တွေကြားမှာ နန်းဆုရယ်လို့ အသည်းကျော်လေး ဖြစ်နေရတာပါ။ နန်းဆုဦးကတော့ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း အချစ်မလျော့ကြသေးတာကို တွေ့ရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၅) ရက်နေ့ကတော့ နန်းဆုဦးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန်းဆုဦးက သူမရဲ့ မွေးနေ့မှာ နှစ်စဉ်နှစ်တိုင်း အလှူအတန်းတွေ ပြုလုပ်ဖြစ်သလို ဒီနှစ်မှာလည်း သူမရဲ့ ချစ်ပရိသတ်များနဲ့အတူတူ စုပေါင်းပြီး ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို အလှူငွေ ကျပ် (၉) သိန်းတိတိ လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

နန်းဆုဦးကတော့ မွေးနေ့မှာ ထွေထွေထူးထူး အစီအစဉ်တွေကို မလုပ်ဖြစ်ပေမယ့် သူမရဲ့ ချစ်ပရိသတ်တွေရဲ့ အလှူအတန်းတွေကိုတော့ အမြဲတမ်း ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နန်းဆုဦးတစ်ယောက် အနုပညာလောကမှာ ဒီထက်မက ထင်ပေါ်ကျော်ကြားပြီး အကယ်ဒမီဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: နာရေးကူညီမှုအသင်း-ရန်ကုန် အလှူရှင်များ’s fb
Bilie: Cele Connections