


Source: Sai Hlwan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံခြားရပ်က ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူတွေကြားထဲမှာ ချီးကျူးခံနေရတဲ့ စိုင်းလွှမ်းရဲ့သမီးလေး စစ်လွန်းဝတီထက်

သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းလွှမ်းကတော့ နိုင်ငံကျော်မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးတဲ့နောက် သမီးလေး စစ်လွန်းဝတီထက်ကို ပြုစုစောင့်ရှောက်နေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့ သားအဖနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမမှုတွေနဲ့ မျက်စိအောက်က အပျောက်မခံလောက်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းကလည်း သူ့ရဲ့တစ်ဘဝလုံးကို သမီးလေးအတွက် ပုံအောပေးအပ်ထားသလို စစ်လွန်းဝတီထက်ကလည်း ဖခင်စိတ်ချမ်းသာစေတဲ့ လိမ္မာတဲ့ သီးငယ်လေးပဲ ဖြစ်ပါတယ်။

စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့ သားအဖနှစ်ယောက်က ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သမီးလေး စစ်လွန်းဝတီထက်ရဲ့ ပုံရိပ်က နိုင်ငံရပ်ခြားက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသူတွေကြားမှာ ပျံ့နှံ့နေပြီး ကောင်းသောချီးမွမ်းခြင်းတွေ ခံနေရတာပဲ ဖြစ်ပါတယ်။

စိုင်းလွှမ်းကတော့ သူ့ရဲ့ သမီးလေးကို ကောင်းသော မှတ်ချက်ပေးခြင်းတွေနဲ့ ချီးကျူးနေကြတာကြောင့် ဖခင်တစ်ယောက်အဖြစ် ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စစ်လွန်းဝတီထက်လေးလည်း ဒီထက်မက ကောင်းသောဂုဏ်သတင်းတွေနဲ့ ကျော်စော်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Hlwan’s fb
Bilie: Cele Connections