သရုပ္ေဆာင္ နႏၵာလိႈင္ကေတာ့ ေက်ာ့ရွင္းျပီး အျပစ္ဆိုစရာမရိိွတဲ့ အလွအပေၾကာင့္ နာမည္ၾကီးထင္ရွားတဲ့ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ အနုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ထိပ္ဆံုးကေန ဆြတ္ခူးနိုင္ခဲ့တဲ့ နႏၵာလိႈင္က အိမ္ေထာင္က်ျပီးခ်ိန္မွာေတာ့ အနုပညာအလုပ္ေတြကို လံုးဝရပ္နားလိုက္ျပီး ခင္ပြန္းနဲ့ သမီးေလးေတြအတြက္ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အျဖစ္ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ နႏၵာလိႈင္တစ္ေယာက္ အနုပညာအလုပ္ေတြကို မလုပ္ကိုင္ေတာ့ေပမယ့္ သူမရဲ့ ေအးခ်မ္းျပီး အပူအပင္ကင္းတဲ့ မိသားစုဘဝေလးကို အားက်စိတ္ေတြနဲ့ ခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။

ေဇရတီလိႈင္၊ ေဇဝတီလိႈင္၊ ေဇမဒီလိႈင္ဆိုတဲ့ သမီးေလး သံုးေယာက္ရိွတဲ့ ေမေမနႏၵာလိႈင္က သမီးေလးေတြအတြက္ေတာ့ တာဝန္ေက်တဲ့ မိခင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္ရဲ့ သမီးေလးေတြကလည္း လိုေလေသးမရိွတဲ့ မင္းသမီးရဲ့သမီး၊ သူေဠးရဲ့သမီးေတြဆိုေပမယ့္ သာမာန္ကေလးေလးေတြလိုပဲ ၾကီးျပင္းေနၾကတာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ နႏၵာလိႈင္က Tik Tok ေတြရိုက္ျပီး ေဖ့စ္ဘုတ္ေပၚတင္ဖို့ ပူဆာတတ္ေနျပီျဖစ္တဲ့ သမီးအငယ္ဆံုးေလး ေဇမဒီလိႈင္အေၾကာင္းကိုေျပာျပီး သမီးေလးကိုယ္တိုင္ရိုက္ထားတဲ့ Tik Tok ဗီဒီယိုေတြကို မွ်ေဝေပးလာပါတယ္။

နႏၵာလိႈင္ရဲ့ သမီးေထြးေလး ေဇမဒီလိႈင္က ျပီးခဲ့တဲ့လပိုင္းကမွ အသက္ (၆)နွစ္ ျပည့္သြားခဲ့တာဆိုေပမယ့္ အရမ္းေတြတတ္ျပီး ခ်စ္စရာေကာင္းတာပဲေနာ္။ ပရိသတ္ၾကီးလည္း မဒီေလးရဲ့ Tik Tok ဗီဒီယိုေလးေတြကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Tik Tok တွေရိုက်ပြီး မေမေ့ဖေ့စ်ဘုတ်ပေါ်တင်ဖို့ ပူဆာတတ်နေပြီဖြစ်တဲ့ နန္ဒာလှိုင်ရဲ့ သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်

သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ကျော့ရှင်းပြီး အပြစ်ဆိုစရာမရှိတဲ့ အလှအပကြောင့် နာမည်ကြီးထင်ရှားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကို ထိပ်ဆုံးကနေ ဆွတ်ခူးနိုင်ခဲ့တဲ့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ခင်ပွန်းနဲ့ သမီးလေးတွေအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နန္ဒာလှိုင်တစ်ယောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် သူမရဲ့ အေးချမ်းပြီး အပူအပင်ကင်းတဲ့ မိသားစုဘဝလေးကို အားကျစိတ်တွေနဲ့ ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ဇေရတီလှိုင်၊ ဇေဝတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေး သုံးယောက်ရှိတဲ့ မေမေနန္ဒာလှိုင်က သမီးလေးတွေအတွက်တော့ တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ သမီးလေးတွေကလည်း လိုလေသေးမရှိတဲ့ မင်းသမီးရဲ့သမီး၊ သူဠေးရဲ့သမီးတွေဆိုပေမယ့် သာမာန်ကလေးလေးတွေလိုပဲ ကြီးပြင်းနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန္ဒာလှိုင်က Tik Tok တွေရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ဖို့ ပူဆာတတ်နေပြီဖြစ်တဲ့ သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်အကြောင်းကိုပြောပြီး သမီးလေးကိုယ်တိုင်ရိုက်ထားတဲ့ Tik Tok ဗီဒီယိုတွေကို မျှဝေပေးလာပါတယ်။

နန္ဒာလှိုင်ရဲ့ သမီးထွေးလေး ဇေမဒီလှိုင်က ပြီးခဲ့တဲ့လပိုင်းကမှ အသက် (၆)နှစ် ပြည့်သွားခဲ့တာဆိုပေမယ့် အရမ်းတွေတတ်ပြီး ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မဒီလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie: Cele Connections