


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေသဝန်တိုရလောက်အောင် ကပိုကရို အဝတ်အစားလေးဝတ်ပြီး ဓာတ်ပုံရိုက်ထားတာကြောင့် ကစ်ကိုမဆူပါနဲ့လို့ အချွဲပိုလာတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ရုပ်ရည်လေးလဲ လှပချောမောသလောက် အမူအယာလေးကလဲ ချစ်စရာကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ ဝတ်မှုံရွှေရည်က ရုပ်ရည်ချောမောရုံသာမကပဲ သရုပ်ဆောင်တဲ့နေရာမှာလဲ ကျရာဇာတ်ရုပ်ကို တိတိကျကျ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီး (၂) ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ဝတ်မှုံရွှေရည်က အနုပညာသက်တမ်း ဆယ်စုနှစ်တစ်စုမှာ အောင်မြင်မှုအရှိန် လုံးဝကျဆင်းမသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်စုကျော်တိုင် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပီပီ ပရိသတ် မရိုးသွားအောင် ကိုယ့်ကိုကိုယ် အမြဲတမ်း ဆန်းသစ်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝတ်မှုံရွှေရည်က ကပိုကရို အဝတ်အစားလေးဝတ်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ချပြကာ “‘ကစ်ကို မဆူနဲ့နော် ‘ 😛😉” ဆိုပြီး ချွဲချွဲနွဲ့နွဲ့လေး ပြောလာတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ခေတ်ဆန်သူတစ်ယောက်ဖြစ်ပြီး လုံလုံခြုံခြုံအဝတ်အစားလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် ဒီဓာတ်ပုံလေးတွေက ပရိသတ်အမြင်မှာတော့ ဆန်းသစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးရော ဝတ်မှုံရွှေရည်တစ်ယောက် ဒီလိုပုံစံလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်တာကို ကြိုက်နှစ်သက်ရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie: Cele Connections