


Source: SEIN PHYO & YI’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid-19 နဲ့ ပက်သတ်ပြီး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေးအကြောင်းအရာလေးတွေကို ဝေမျှပေးလာတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ သူ့ရဲ့ တူလေး၊ တူမလေးတွေနဲ့ Hotel Quarantine ဝင်ရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်က Covid-19 ရောဂါပိုးရှိပေမယ့် ကျန်းမာရေးကောင်းပြီး ကိုယ်ခံအားလည်းကောင်းတာကြောင့် ထွေထွေထူးထူး ဘာမှမရှိပဲ အခုဆိုရင် ဆေးရုံကနေ ပြန်လည်ဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မောင်နဲ့အတူတူ မောင့်ရဲ့အစ်မနဲ့ တူမလေးနှစ်ယောက်ကလည်း နေကောင်းကျန်းမာပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

ဆေးရုံကနေဆင်းလာပြီဆိုပေမယ့် (၇) ရက်တိတိ အိမ်မှာပဲ သီးသန့်ခွဲပြီးနေထိုင်နေရတဲ့ မောင်က ဒီကနေ့မှာတော့ Covid-19 နဲ့ ပက်သတ်ပြီး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးလာပါတယ်။ မောင်က “Home Q မှာ အားနေတာကြောင့် covid နဲ့ပတ်သက်ပြီးအတွေ့ကြုံနဲ့ သိသင့်တာလေးတွေ sharing လုပ်ပေးချင်ပါတယ်..cb မှာ အမေးများတဲ့ မေးခွန်းလေးတွေကိုလည်းဒီကပဲတခါတည်းဖြေပေးပါမယ်” ဆိုပြီး သူ့ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောလာပါတယ်။

မောင်ကတော့ သူကိုယ်တိုင်လည်း တရားဝင် ဆေးကုသခွင့်ရရှိထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ဆေးပညာနဲ့ ပက်သတ်ပြီးလည်း ပြည့်ပြည့်စုံစုံရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ကိုကိုယ် သံသယရှိခဲ့ရင် အရမ်းမစိုးရိမ်ပဲ သေသေချာချာလေး အခြေအနေကို စဉ်းစားချင့်ချိန်သင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie: Cele Connections