


Source: Tyron Bejay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သူကိုယ်တိုင် အောက်စီဂျင်သွားပို့ပေးနေရတဲ့ Covid-19 Positive လူနာအဘွားရဲ့ ဝမ်းနည်းစရာသတင်းဆိုးကို ပြောလာတဲ့ တိုင်ရွန်

မင်းသားချော တိုင်ရွန်ကတော့ မိန်းကလေးတွေ အသည်းစွဲရလောက်တဲ့ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရုံသာမက သူတစ်ပါးကို ကူညီစောင့်ရှောက်ပေးချင်တဲ့ စိတ်နှလုံးသားကောင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာလည်း အလှူအတန်းတွေကို တတ်နိုင်သလောက် ပြုလုပ်နေတဲ့ တိုင်ရွန်က Covid-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် ကိုယ်တိုင်လုပ်အားပေးကူညီပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တိုင်ရွန်က သူကိုယ်တိုင် အောက်စီဂျင်သွားပို့ပေးနေရတဲ့ Covid-19 Positive လူနာအဘွားရဲ့ ဝမ်းနည်းစရာသတင်းဆိုးကို အခုလိုပဲပြောပြလာပါတယ်။ “Positive ဖြစ်လို့ Home Q ဝင်ပြီးကုနေရတဲ့ အဖွားအသက်ကြီးလို့ ဘယ်မှမထနိုင်တော့လို့ ကျွန်တော်တို့ အောက်စီဂျင် သွားသွားပို့ပေးနေတဲ့ အဖွား ဒီမနက်ဆုံးပြီတဲ့ မနက်ကထိကို Ye Heinစောင့်ပေးနေသေးတာ။ အဖွားကောင်းရာမွန်ရာရောက်ပါစေ covid ရယ် သွားပါတော့ကွာ 😔” ဆိုပြီး ဝမ်းနည်းစကားဆိုထားပါတယ်။

တိုင်ရွန်ကတော့ သူကိုယ်တိုင် လုပ်အားပေးသွားရင်း သိနေတဲ့ အဘွားတစ်ယောက် ကိုဗစ်ကြောင့် အသက်ဆုံးရှုံးသွားတာကြောင့် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Tyron Bejay’s fb
Bilie: Cele Connections