


Source: Nan Su Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မွေးနေ့မှာ ချစ်ခင်လေးစားရတဲ့ IDOL မင်းသားကြီး နေတိုးဆီက အမှတ်တရ မွေးနေ့ဆုတောင်းရရှိလို့ ပျော်နေတယ်ဆိုတဲ့ နန်းဆုဦး

ဆွဲဆောင်မှုအပြည့်နဲ့ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီး ပရိသတ်တွေပါ ချစ်ကြရတဲ့ မင်းသမီးချောလေး နန်းဆုဦးဟာ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုရရှိလာသူတစ်ဦးပါ။ နန်းဆုဦးက သရုပ်ဆောင်ကောင်းရုံသာမကပဲ သီချင်းဆိုလည်းတော်သူဖြစ်ပြီး “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးအတွက် သူမ သီဆိုပေးခဲ့တဲ့ ဇာတ်ဝင်တေးသီချင်းကလည်း ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ နှလုံးသားထဲ စွဲကျန်ရစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၅) ရက်နေ့ကတော့ နန်းဆုဦးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန်းဆုဦးက သူမရဲ့ မွေးနေ့မှာ သူမကိုချစ်ကြတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေဆီက မွေးနေ့ဆုမွန်ကောင်းတွေများစွာ ရရှိခဲ့သလို သူမအရမ်းကြိုက်ပြီး လေးစားချစ်ခင်ရတဲ့ မင်းသားချော နေတိုးဆီကလည်း မွေးနေ့ဆုမွန်ကောင်းရရှိခဲ့ပါတယ်။ နန်းဆုဦးက မင်းသား နေတိုးဆီက မွေးနေ့ဆုတောင်းရရှိခဲ့ပုံလေးကို သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ တင်ရင်း “Idol က wish လှမ်းလုပ်လို့ ပျော်နေသောမိမိ” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေထားပါတယ်။

နေတိုးနဲ့ နန်းဆုဦးတို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များများမှာ အတူတူတွဲဖက်သရုပ်ဆောင်ဖူးလို့ ခင်မင်ရင်းနှီးကြပေမယ့် နန်းဆုဦးကတော့ နေတိုးကို ချစ်ခင်အားပေးတဲ့စိတ်ကတော့ လျော့မသွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုဦးရဲ့အပျော်လေးကို ထပ်တူခံစားနိုင်မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Su Oo’s fb
Bilie: Cele Connections