ယူနီကုဒ်ဖြင့်ဖတ်ရန်
သားကြီးရော သမီးငယ်ပါ အဖေကို ပိုချစ်တာမြင်ရတာတော့ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း
သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ သူမရဲ့ခင်ပွန်းနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသမီးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ ိသားစုဘဝလေးကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ သားနဲ့သမီးကို အချိန်ပေး ဂရုစိုက်နေတဲ့ သဉ္ဇာနွယ်ဝင်းက ဒီကနေ့မှာတော့ သမီးလေးနဲ့ ခင်ပွန်းရဲ့ မြင်ကွင်းလေးကိုကြည့်ပြီး သားကြီးရော သမီးငယ်ပါ အဖေကို ပိုချစ်တာမြင်ရတာတော့ ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း အခုလိုပဲပြောလာပါတယ်။ “သမီးလေး သူ့ပါပါးကို ပိုချစ်သွားပြီတော့။ ပါပါးနားသွားပြီးအိပ်သွားပြီ🤨 သားရောသမီးရော အဖေကိုပိုချစ်တယ်တော့။ ဝမ်းနည်းဝမ်းသာကြီး တစ်ကယ်ဆိုအမေကိုပိုချစ်ရမှာကို☹️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။
သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ ကြည်နူးစရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းကုန်ဆုံးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Thinzar Nwe Win’s fb
Bilie: Cele Connections