


Source – Ni Ni Khin Zaw
ယူနီကုတ်ဖြင့်ဖတ်ရန်

” The Voice Myanmarရဲ့ Battle Roundအစမှာ လူအများ အရေးစိုက်ခဲ့ကြတဲ့ နီနီခင်ဇော်ရဲ့ဖက်ရှင်”

CeleConnections ပရိသတ်ကြီးရေ လတ်တလောမှာတော့ အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar Season 3ကတော့ ရေပန်းစား ပေါ်ပျူလာအဖြစ်ဆုံး သီချင်းပြိုင်ပွဲ ကြီးတစ်ခုပါ။The Voice Myanmar Season 3မှာပါဝင်ခဲ့ ကြတဲ့ အကဲ ဖြတ်ဒိုင်တွေကတော့ အာဇာနည် ၊ဟန်ထူးလွင် ၊ရန်ရန်ချမ်းနဲ့နီနီခင်ဇော်တို့ပဲ ဖြစ်ပါတယ်။

အခုတစ်ပတ်ကတော့ The Voice Myanmar Season-3 (Blind Auditions) Round အပြီး
Battle Round အစပဲ ဖြစ်ပါတယ်။ ပွဲစစချင်းပဲ ပရိသတ်တွေ သတ်ထားမိခဲ့တာကတော့ အမျိုးသမီးဒိုင်အဖြစ်တစ်ဦးတည်း ပါဝင်ထားတဲ့ နီနီခင်ဇော်ရဲ့ ဖက်ရှင်လို့ပဲဆိုရမှာပါ။

နီနီရဲ့ အရမ်းကိုစမတ်ကျတဲ့ အဝတ်အစားဒီဇိုင်နာကတော့ မြန်မာပြည်ရဲ့ထိပ်တန်းဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာမပုံ့ရဲ့လက်ရာပဲ ဖြစ်ပါတယ်။ တကယ့်ကိုယုံကြည်မှုအပြည့်နဲ့ သူမရဲ့အလှတွေထင်ရှာပေါ်လွင်စေတဲ့ဝတ်စုံလေးဖြစ်တဲ့အပြင် သူမရဲ့ ဖိနပ်ဒီဇိုင်းကလည်း အမိုက်စားဖက်ရှင်နဲ့ အရမ်းကိုလိုက်ဖက်နေခဲ့တာပါ။ အဝတ်အစားနဲ့လိုက်ဖက်အောင်ပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ဖက်ရှင်ကလည်း မြန်မာပြည်ရဲ့ ထိပ်တန်းအလှဖန်တီးရှင် မထက်ပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်တွေလည်း နီနီရဲ့ဖက်ရှင်ကိုသဘေယကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Ni Ni Khin Zaw
Candy -CeleConnections