အနုပညာေလာကမွာ နွစ္ေပါင္း (၂၀) ေက်ာ္ ေအာင္ျမင္မႈကို ေရရွည္ထိန္းသိမ္းထားနိုင္တဲ့ မင္းသားေခ်ာ ေနတိုးကေတာ့ “မိုးညအိပ္မက္ျမဴ”၊ “တာေတၾကီး”၊ “နကၡတ္မွားတဲ့တိုက္ပြဲ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီဆု သံုးဆုတိတိ ရရိွထားသူပဲ ျဖစ္ပါတယ္။ ေနတိုးက သူ့ရဲ့အနုပညာသက္တမ္းတစ္ေလွ်ာက္မွာ ပရိသတ္ရင္ထဲစြဲက်န္ရစ္ေစတဲ့ ဗီဒီယို၊ ရုပ္ရွင္ေတြကိုသာ ရိုက္ကူးေလ့ရိွျပီး သူ့ရဲ့ဇာတ္ကားတိုင္းကလည္း ေအာင္ျမင္မႈေတြခ်ည္းရရိွခဲ့တာပဲ ျဖစ္ပါတယ္။
ဒီကေန့မွာေတာ့ ေနတိုးက သူပါဝင္သရုပ္ေဆာင္ထားတဲ့ “ပေဟဠိနတ္သမီး” ဇာတ္ဝင္ခန္းထဲက ဓာတ္ပံုနဲ့ အခုလက္ရိွပံုတုိ့ကို ယွဥ္တြဲျပီး “အခုလိုအမွတ္တရေျဖေပးၾကတာေတြ႕ရလို႔ဝမ္းသာပါတယ္ခင္ဗ်ာ…❤ သတိတရရွိေနတဲ့အတြက္လည္းေက်းဇူးအထူးတင္ပါတယ္။ ကြၽန္ေတာ္သိထားတဲ့အေျဖေတြနဲ႔အတူ အမွတ္ရေစမဲ့ပုံေလးေတြတင္ေပးလိုက္ပါတယ္။ 1- 13ႏွစ္ရွိပါၿပီ။ 2-မတူညီေတာ့တဲ့အရာ၂ခုမွာ -ဆံပင္ /အသက္။ 3-တူညီတဲ့အရာ၂ခုမွာ- နာမည္ /အက်ႌ ျဖစ္ပါတယ္ခင္ဗ်ာ။ အေျဖမွန္ေတြအမ်ားႀကီးရွိပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ကြၽန္ေတာ္ေျဖေသာ အေျဖမွန္ပါခင္ဗ်ာ။ တခါတခါအမွန္တရားဆိုတာတစ္ခုထက္မကရွိေနႏိုင္ပါတယ္..” ဆိုျပီး ေျပာလာပါတယ္။
ေနတိုးကေတာ့ သူ့ရဲ့ ပရိသတ္ေတြကို ေမးခြန္းေလးေတြထုတ္ခဲ့ျပီး သူကိုယ္တိုင္ပဲ ေမးခြန္းေတြရဲ့ အေျဖမွန္ကို ျပန္လည္ေျဖဆိုေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း (၁၃)နွစ္အၾကာမွာ ေျပာင္းလဲျခင္း၊ မေျပာင္းလဲျခင္းတို့နဲ့ရိွေနတဲ့ ေနတိုးရဲ့ ပံုရိပ္ေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Nay Toe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
(၁၃) နှစ်တိုင်ကွာသွားတဲ့ အရွယ်နှစ်ခုက တူညီတဲ့အရာနဲ့ မတူညီတော့တဲ့အရာတွေကို ကိုယ်တိုင်ပြောပြလာတဲ့ နေတိုး
အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ မင်းသားချော နေတိုးကတော့ “မိုးညအိပ်မက်မြူ”၊ “တာတေကြီး”၊ “နက္ခတ်မှားတဲ့တိုက်ပွဲ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု သုံးဆုတိတိ ရရှိထားသူပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိသတ်ရင်ထဲစွဲကျန်ရစ်စေတဲ့ ဗီဒီယို၊ ရုပ်ရှင်တွေကိုသာ ရိုက်ကူးလေ့ရှိပြီး သူ့ရဲ့ဇာတ်ကားတိုင်းကလည်း အောင်မြင်မှုတွေချည်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နေတိုးက သူပါဝင်သရုပ်ဆောင်ထားတဲ့ “ပဟေဠိနတ်သမီး” ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံနဲ့ အခုလက်ရှိပုံတို့ကို ယှဉ်တွဲပြီး “အခုလိုအမှတ်တရဖြေပေးကြတာတွေ့ရလို့ဝမ်းသာပါတယ်ခင်ဗျာ…❤ သတိတရရှိနေတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်သိထားတဲ့အဖြေတွေနဲ့အတူ အမှတ်ရစေမဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။ 1- 13နှစ်ရှိပါပြီ။ 2-မတူညီတော့တဲ့အရာ၂ခုမှာ -ဆံပင် /အသက်။ 3-တူညီတဲ့အရာ၂ခုမှာ- နာမည် /အင်္ကျီ ဖြစ်ပါတယ်ခင်ဗျာ။ အဖြေမှန်တွေအများကြီးရှိပါတယ်ခင်ဗျာ။ ဒါကတော့ ကျွန်တော်ဖြေသော အဖြေမှန်ပါခင်ဗျာ။ တခါတခါအမှန်တရားဆိုတာတစ်ခုထက်မကရှိနေနိုင်ပါတယ်..” ဆိုပြီး ပြောလာပါတယ်။
နေတိုးကတော့ သူ့ရဲ့ ပရိသတ်တွေကို မေးခွန်းလေးတွေထုတ်ခဲ့ပြီး သူကိုယ်တိုင်ပဲ မေးခွန်းတွေရဲ့ အဖြေမှန်ကို ပြန်လည်ဖြေဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း (၁၃)နှစ်အကြာမှာ ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းတို့နဲ့ရှိနေတဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Toe’s fb
Bilie: Cele Connections