အသံဝဲဝဲေလးနဲ့ အရမ္းခ်စ္စရာေကာင္းတဲ့ ထားဝယ္မေလး ဝင့္ယမံုနိုင္ကိုေတာ့ ပရိသတ္ၾကီးက “အခ်စ္သေကၤတ” ဇာတ္လမ္းတြဲနဲ့ အတူတူ မွတ္မိၾကမယ္ ထင္ပါတယ္။ ဝင့္ယမံုနိုင္ကေတာ့ ဗီလိန္ကာရိုက္တာမွာ စတင္သရုပ္ေဆာင္ရင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ ပရိသတ္မုန္းတီးျခင္းမခံရပဲ စစ္မွန္တဲ့ အနုပညာအရည္အခ်င္းေၾကာင့္ တစ္နုိင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူ ပရိသတ္အမ်ားအျပားရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဝင့္ယမံုနိုင္ကလည္း သူမရဲ့ အနုပညာသက္တမ္း ဆယ္နွစ္ေက်ာ္မွာ ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ အနုပညာလႈပ္ရွားမႈေတြကို ခ်ျပဖို့ ၾကိဳးစားေနသူေလးပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ဝင့္ယမံုနိုင္က သူမရဲ့ အနုပညာေျခလွမ္းအစက တီဗီအစီအစဥ္တစ္ခုမွာ အမွတ္တရေလးေတြကို ခ်ျပလာပါတယ္။ ဝင့္ယမံုနိုင္က MRTV 4 ရဲ့ နာမည္ၾကီးအစီအစဥ္တစ္ခုျဖစ္တဲ့ Food and Decor မွာ ကိုျမင့္ဦးသာနဲ့အတူတူ အစီအစဥ္တင္ဆက္ခဲ့တဲ့ အမွတ္တရေလးကို “ဒီအစီအစဥ္ ၾကည့္ခဲ့ဖူးရင္ အေကာင္ပဲ 😎 ဘယ္သူမွတ္မိေသးလဲ ေျပာၾကည့္” ဆိုျပီး ပရိသတ္ေတြကို ေမးခြန္းေလးထုတ္ထားတာပဲ ျဖစ္ပါတယ္။

ဝင့္ယမံုနိုင္ကေတာ့ Forever Group ရဲ့ မင္းသမီးတစ္လက္ပီပီ MRTV 4 ရုပ္သံလုိင္းရဲ့ အစီအစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့ဖူးသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ယမံုရဲ့ ဒီပံုေလးေတြကိုၾကည့္ျပီး Food and Decor အစီအစဥ္ေလးကို ျပန္လည္အမွတ္ရသြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wint Yamone Naing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာခြေလှမ်းအစက Food and Decor အစီအစဉ်မှာ ပါဝင်ခဲ့ဖူးတဲ့ အမှတ်တရဟောင်းတွေကို ချပြလာတဲ့ ဝင့်ယမုံနိုင်

အသံဝဲဝဲလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ ထားဝယ်မလေး ဝင့်ယမုံနိုင်ကိုတော့ ပရိသတ်ကြီးက “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲနဲ့ အတူတူ မှတ်မိကြမယ် ထင်ပါတယ်။ ဝင့်ယမုံနိုင်ကတော့ ဗီလိန်ကာရိုက်တာမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် ပရိသတ်မုန်းတီးခြင်းမခံရပဲ စစ်မှန်တဲ့ အနုပညာအရည်အချင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်ကလည်း သူမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်မှာ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဝင့်ယမုံနိုင်က သူမရဲ့ အနုပညာခြေလှမ်းအစက တီဗီအစီအစဉ်တစ်ခုမှာ အမှတ်တရလေးတွေကို ချပြလာပါတယ်။ ဝင့်ယမုံနိုင်က MRTV 4 ရဲ့ နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ Food and Decor မှာ ကိုမြင့်ဦးသာနဲ့အတူတူ အစီအစဉ်တင်ဆက်ခဲ့တဲ့ အမှတ်တရလေးကို “ဒီအစီအစဉ် ကြည့်ခဲ့ဖူးရင် အကောင်ပဲ 😎 ဘယ်သူမှတ်မိသေးလဲ ပြောကြည့်” ဆိုပြီး ပရိသတ်တွေကို မေးခွန်းလေးထုတ်ထားတာပဲ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်ကတော့ Forever Group ရဲ့ မင်းသမီးတစ်လက်ပီပီ MRTV 4 ရုပ်သံလိုင်းရဲ့ အစီအစဉ်တော်တော်များများမှာ ပါဝင်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယမုံရဲ့ ဒီပုံလေးတွေကိုကြည့်ပြီး Food and Decor အစီအစဉ်လေးကို ပြန်လည်အမှတ်ရသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wint Yamone Naing’s fb
Bilie: Cele Connections