ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ေမွ်ာ္ၾကည့္ရႈေနၾကတဲ့ The Voice Myanmar Season (3) သီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ မေန႔က ေအာက္တိုဘာလ (၄) ရက္ေန႔မွာ Battle Round ယွဥ္ၿပိဳင္မႈ ပထမအပတ္ကို စတင္ၿပီး ထုတ္လႊင့္ျပသခဲ့တာျဖစ္ပါတယ္။ Team R Zarni, Team KP, Team YC, Team Ni Ni တို႔မွ ၿပိဳင္ပြဲဝင္အသီးသီးတို႔ကလည္း ႀကိဳးစားပန္းစား ယွဥ္ၿပိဳင္ခဲ့ၿပီး ႏႈတ္ဆက္ထြက္ခြာခဲ့ရသူေတြရွိသလို ဒိုင္ေတြရဲ႕ Steal လုပ္မႈေၾကာင့္ ေနာက္တစ္ခါ ႀကိဳးစားခြင့္ အခြင့္အေရး ထပ္မံရရွိခဲ့တာ ျဖစ္ပါတယ္။

Team R Zarni မွ ၿပိဳင္ပြဲဝင္ႏွစ္ေယာက္ျဖစ္တဲ့ Janus နဲ့ ေနာ္ျပည့္စံုေအးၾကဴတို့ကလည္း “Bring Me To Life” သီခ်င္းနဲ့ ယွဥ္ျပိဳင္ခဲ့တာပဲ ျဖစ္ပါတယ္။ ယွဥ္ျပိဳင္ျပီးခ်ိန္မွာေတာ့ R ဇာနည္က Janus ကိုေရြးခ်ယ္ခဲ့ျပီး အိမ္ျပန္ရဆဲဆဲျဖစ္ေနတဲ့ ေနာ္ျပည့္စံုေအးၾကဴကို ဒိုင္ျဖစ္သူ နီနီခင္ေဇာ္က Steal လုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေနာ္ျပည့္စံုေအးၾကဴကလည္း နီနီခင္ေဇာ္ Steal မလုပ္ခင္ စင္ေပၚမွာ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရတဲ့ အေၾကာင္းအရင္းမွန္ကို အခုလိုပဲ ေျပာျပလာပါတယ္။

“စင္ေပၚမွာသာ တကယ့္ၿပိဳင္ပြဲဝင္ေတြလို အားႀကီးနဲ႔ဆိုၾကတာ။ စင္ေအာက္မွာေတာ့ တကယ္ရြစိထိုးၾကတာ ၂ ေယာက္လုံးက။ The Voice ကိုေက်းဇူးတင္တဲ့အရာေတြထဲက တစ္ခုက သူငယ္ခ်င္းသိပ္မ႐ိွတဲ့ ကိုယ့္လိုလူအတြက္ ကို Janus လို အစ္ကိုလို best friend လိုခင္ရတဲ့လူကိုရသြားလို႔လည္းပါတယ္။ နွစ္ေယာက္က ၿပိဳင္ပဲြဝင္တာနဲ႔မတူပဲ သူငယ္ခ်င္းနွစ္ေယာက္ The Voice လာေပ်ာ္ေနသလိုပဲခံစားရတယ္။ စင္ေပၚမွာဝမ္းနည္းတာလည္း အကိုတို႔ မေနာ္တို႔နဲ႔ခြဲရၿပီဆိုၿပီးစိတ္မေကာင္းျဖစ္ခဲ့တာ။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာခဲ့ပါတယ္။

ေနာ္ျပည့္စံုေအးၾကဴကေတာ့ နီနီခင္ေဇာ္ရဲ့ Steal လုပ္မႈနဲ့ The Voice စင္ျမင့္ထက္မွာ ဆက္လက္ယွဥ္ျပိဳင္ခြင့္ရရိွသြားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေနာက္ထပ္အပတ္ေတြမွာ ေနာ္ျပည့္စံုေအးၾကဴကို အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Naw Pyae Sone’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နီနီခင်ဇော် Steal မလုပ်ခင် စင်ပေါ်မှာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့ အကြောင်းအရင်းမှန်ကိုပြောပြလာတဲ့ နော်ပြည့်စုံအေးကြူ

ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုနေကြတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ မနေ့က အောက်တိုဘာလ (၄) ရက်နေ့မှာ Battle Round ယှဉ်ပြိုင်မှု ပထမအပတ်ကို စတင်ပြီး ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ Team R Zarni, Team KP, Team YC, Team Ni Ni တို့မှ ပြိုင်ပွဲဝင်အသီးသီးတို့ကလည်း ကြိုးစားပန်းစား ယှဉ်ပြိုင်ခဲ့ပြီး နှုတ်ဆက်ထွက်ခွာခဲ့ရသူတွေရှိသလို ဒိုင်တွေရဲ့ Steal လုပ်မှုကြောင့် နောက်တစ်ခါ ကြိုးစားခွင့် အခွင့်အရေး ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

Team R Zarni မှ ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ Janus နဲ့ နော်ပြည့်စုံအေးကြူတို့ကလည်း “Bring Me To Life” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ပြီးချိန်မှာတော့ R ဇာနည်က Janus ကိုရွေးချယ်ခဲ့ပြီး အိမ်ပြန်ရဆဲဆဲဖြစ်နေတဲ့ နော်ပြည့်စုံအေးကြူကို ဒိုင်ဖြစ်သူ နီနီခင်ဇော်က Steal လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နော်ပြည့်စုံအေးကြူကလည်း နီနီခင်ဇော် Steal မလုပ်ခင် စင်ပေါ်မှာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့ အကြောင်းအရင်းမှန်ကို အခုလိုပဲ ပြောပြလာပါတယ်။

“စင်ပေါ်မှာသာ တကယ့်ပြိုင်ပွဲဝင်တွေလို အားကြီးနဲ့ဆိုကြတာ။ စင်အောက်မှာတော့ တကယ်ရွစိထိုးကြတာ ၂ ယောက်လုံးက။ The Voice ကိုကျေးဇူးတင်တဲ့အရာတွေထဲက တစ်ခုက သူငယ်ချင်းသိပ်မရှိတဲ့ ကိုယ့်လိုလူအတွက် ကို Janus လို အစ်ကိုလို best friend လိုခင်ရတဲ့လူကိုရသွားလို့လည်းပါတယ်။ နှစ်ယောက်က ပြိုင်ပွဲဝင်တာနဲ့မတူပဲ သူငယ်ချင်းနှစ်ယောက် The Voice လာပျော်နေသလိုပဲခံစားရတယ်။ စင်ပေါ်မှာဝမ်းနည်းတာလည်း အကိုတို့ မနော်တို့နဲ့ခွဲရပြီဆိုပြီးစိတ်မကောင်းဖြစ်ခဲ့တာ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။

နော်ပြည့်စုံအေးကြူကတော့ နီနီခင်ဇော်ရဲ့ Steal လုပ်မှုနဲ့ The Voice စင်မြင့်ထက်မှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိသွားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နောက်ထပ်အပတ်တွေမှာ နော်ပြည့်စုံအေးကြူကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Naw Pyae Sone’s fb
Bilie: Cele Connections