CeleConnections ပရိသတ္ႀကီး​ေရနန္းစႏၵာလွထြန္းကေတာ့ နာမည္ေလးၾကား႐ုံနဲ႔ ရွမ္းတိုင္းရင္းသူေလးဆိုတာ အထူး​ေျပာစရာမလိုေအာင္ပါပဲေနာ္။ MRTV -4မွာ ျပသခဲ့တဲ့ ” ပၪၥလက္႐ြာ” ဇာတ္လမ္းတြဲမွာေရဝတီဆိုတဲ့ကာရိိုက္တာေလးနဲ႔ ပရိသတ္ရင္ထဲ အရင္ဆုံးေရာက္ရွိခဲ့သူေလးပါ။ ပရိသတ္ေတြတခဲနက္အားေပးခဲ့ရတဲ့ အရိပ္ဇာတ္လမ္းတြဲမွာလည္း နာစ့္မဆရာမေလး သက္သက္အေနနဲ႔ ပုရိသပရိသတ္ေတြ တျဖဳတ္ျဖဳတ္ေႂကြခဲ့ရသူေလးပါ။

လက္ရွိမွာျဖစ္ပြားေနတဲ့ Covid 19 နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို အၿမဲ သတိေပးစကားေတြေျပာခဲ့တဲ့အျပင္ က်န္းမာေရးဝန္ထမ္းေတြကို အေထာက္အကူအျဖစ္လိုအပ္တဲ့ အရာေတြကို လႉဒါန္းဖို႔အတြက္ အလႉေငြဦးစီးေကာက္ခံေနတာျဖစ္ပါတယ္။ သူမအေနနဲ႔ ရရင္ရသလို အလႉအတန္းေတြျပဳလုပ္ေနတဲ့ မင္းသမီးျဖစ္တာေၾကာင့္ အခုခ်ိန္မွာလည္း ရရင္ရသလို က်န္းမာေရးဝန္းထမ္းေတြကိုကူညီေပးခ်င္ေနပုံပါပဲေနာ္။

ဒီေန႔မွာေတာ့ ”📝 အလႉရွင္မ်ားစာရင္း အားလုံးေပါင္းခ်ဳပ္ပါရွင့္ … စုစုေပါင္း အလႉေငြ ၂,၆၅၃,၉၁၅ က်ပ္ ( ႏွစ္ဆယ့္ေျခာက္သိန္း ငါးေသာင္း သုံးေထာင္ ကိုးရာ တစ္ဆယ့္ ငါးက်ပ္ ) လက္ခံရရွိပါတယ္ … ကူညီပါဝင္ ထည့္လႉၾကတဲ့ အလႉရွင္မ်ားအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္ 🙏🙏🙏 … လႉဒါန္းရန္အတြက္ မွာယူထားေသာ ပစၥည္းမ်ားေရာက္တာနဲ႔ တစ္ခါထဲ သြားေရာက္လႉဒါန္းျပန္တင္ေပးေပးသြားပါမယ္ရွင့္ … အုပ္တစ္ခ်ပ္ သဲတစ္ပြင့္ သဒၶါတရား နည္းမ်ားမဆို ပါဝင္ေပးတဲ့သူတိုင္းကို ေက်းဇူးတင္လ်က္ 🙏🙏”ဆိုတဲ့စာေလးနဲ႔အသိေပးခဲ့တာပါ။ ဖတ္ရႈေပးၾကတဲ့ CeleConnections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nan Sandar HlaHtun
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” Covidလူနာစောင့်ရှောက်ရေးစင်တာတွေမှာလိုအပ်တာတွေလှူဒါန်းဖို့အတွက်ကောက်ခံအလှူငွေ (၂၆)သိန်းကျော်ရရှိခဲ့ကြောင်း အသိပေးလာတဲ့ နန်းစန္ဒာလှထွန်း”

CeleConnections ပရိသတ်ကြီး​ရေနန်းစန္ဒာလှထွန်းကတော့ နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေးဆိုတာ အထူး​ေပြာစရာမလိုအောင်ပါပဲနော်။ MRTV -4မှာ ပြသခဲ့တဲ့ ” ပဥ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိိုက်
တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့
အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး သက်သက်အနေနဲ့ ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

လက်ရှိမှာဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး ပရိသတ်တွေကို အမြဲ သတိပေးစကားတွေပြောခဲ့တဲ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို အထောက်အကူအဖြစ်လိုအပ်တဲ့ အရာတွေကို လှူဒါန်းဖို့အတွက် အလှူငွေဦးစီးကောက်ခံနေတာဖြစ်ပါတယ်။ သူမအနေနဲ့ ရရင်ရသလို အလှူအတန်းတွေပြုလုပ်နေတဲ့ မင်းသမီးဖြစ်တာကြောင့် အခုချိန်မှာလည်း ရရင်ရသလို ကျန်းမာရေးဝန်းထမ်းတွေကိုကူညီပေးချင်နေပုံပါပဲနော်။

ဒီနေ့မှာတော့ ”📝 အလှူရှင်များစာရင်း အားလုံးပေါင်းချုပ်ပါရှင့် … စုစုပေါင်း အလှူငွေ ၂,၆၅၃,၉၁၅ ကျပ် ( နှစ်ဆယ့်ခြောက်သိန်း ငါးသောင်း သုံးထောင် ကိုးရာ တစ်ဆယ့် ငါးကျပ် ) လက်ခံရရှိပါတယ် … ကူညီပါဝင် ထည့်လှူကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🙏🙏 … လှူဒါန်းရန်အတွက် မှာယူထားသော ပစ္စည်းများရောက်တာနဲ့ တစ်ခါထဲ သွားရောက်လှူဒါန်းပြန်တင်ပေးပေးသွားပါမယ်ရှင့် … အုပ်တစ်ချပ် သဲတစ်ပွင့် သဒ္ဓါတရား နည်းများမဆို ပါဝင်ပေးတဲ့သူတိုင်းကို ကျေးဇူးတင်လျက် 🙏🙏”ဆိုတဲ့စာလေးနဲ့အသိပေးခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nan Sandar HlaHtun
Candy – CeleConnections