ပရိသတ္ေတြ ခ်စ္ၾကတဲ့ မင္းသားေခ်ာေနတိုးက သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္ကို တိတိက်က် အပိုအလိုမရိွ သ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္ သမၻာရင့္ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ အႏုပညာလမ္းမေပၚမွာ နာမည္တစ္လံုးနဲ့ ေအာင္ျမင္စြာ ရပ္တည္ေနတဲ့ ေနတိုးကအခုဆိုရင္ အကယ္ဒမီဆုႀကီး (၃)ဆုတိတိကို လက္ဝယ္ပိုင္ဆိုင္ထားျပီး ထိပ္တန္းမင္းသားတစ္လက္အျဖစ္ ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းထားသူပါ။ ေနတိုးကေတာ့ အခုဆိုရင္ အနုပညာသက္တမ္း နွစ္(၂၀) ေက်ာ္ရိွျပီျဖစ္ျပီး ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္မႈအရိွန္အဟုန္ လံုးဝက်ဆင္းသြားျခင္းမရိွတဲ့ မင္းသားတစ္လက္ဆိုလည္း မမွားပါဘူး။

ဒီကေန့မွာေတာ့ ေနတိုးက သူ့ရဲ့ေအာင္ျမင္ခဲ့တဲ့ ဗီဒီယိုဇာတ္ကားတစ္ကားျဖစ္တဲ့ “ပေဟဠိနတ္သမီး” ဇာတ္ကားထဲမွာ ဝတ္ဆင္ခဲ့တဲ့အက်ႌေလးကို အမွတ္တရ ျပန္ထုတ္ဝတ္ျပီး “ငယ္ငယ္ကတည္းကအား​ေပးတာဆိုရင္ ..အ​ေပၚကပုံနဲ႔​ေအာက္ကပုံဟာဘယ္ႏွစ္ႏွစ္ကြာလဲ​​ေျပာၾကည့္ပါလား။ အ​ေပၚပုံနဲ႔​ေအာက္ပုံမွာမတူညီ​ေတာ့တဲ့အရာ၂ခုနဲ႔ တူညီတဲ့အရာ၂ခုကို​ေျဖၾကည့္ပါ ❤ စုစု​ေပါင္း ၅ခု​​ေျဖပါ။ ပ်င္းေနၾကမွာစိုးလို႔ပါ😍😄” ဆိုျပီး သူ့ရဲ့ ပရိသတ္ေတြကုိ ေမးခြန္းေတြ ထုတ္လာခဲ့ပါတယ္။

ေနတိုးကေတာ့ Stay Home ကာလ အနုပညာလႈပ္ရွားမႈေတြ ရပ္နားထားခ်ိန္မွာ ငယ္ငယ္က အမွတ္တရ ဓာတ္ပံုေလးေတြကို မွ်ေဝေပးရင္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ Cele Connections ပရိသတ္ၾကီးထဲမွာလည္း ေနတိုးရဲ့ အမာခံ Fan ေတြရိွရင္ ဒီေမးခြန္းေလးေတြကို ေျဖေပးသြားခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Toe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ပဟေဠိနတ်သမီး” ဇာတ်ကားထဲမှာဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးကို အမှတ်တရ ပြန်ထုတ်ဝတ်ပြီး ချစ်ပရိသတ်ကြီးကို မေးခွန်းလေးတွေထုတ်လာတဲ့ နေတိုး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောနေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ အပိုအလိုမရှိ သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သမ္ဘာရင့် မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းမပေါ်မှာ နာမည်တစ်လုံးနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ နေတိုးကအခုဆိုရင် အကယ်ဒမီဆုကြီး (၃)ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ထိပ်တန်းမင်းသားတစ်လက်အဖြစ် အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသူပါ။ နေတိုးကတော့ အခုဆိုရင် အနုပညာသက်တမ်း နှစ်(၂၀) ကျော်ရှိပြီဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုအရှိန်အဟုန် လုံးဝကျဆင်းသွားခြင်းမရှိတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ နေတိုးက သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားတစ်ကားဖြစ်တဲ့ “ပဟေဠိနတ်သမီး” ဇာတ်ကားထဲမှာ ဝတ်ဆင်ခဲ့တဲ့အင်္ကျီလေးကို အမှတ်တရ ပြန်ထုတ်ဝတ်ပြီး “ငယ်ငယ်ကတည်းကအားပေးတာဆိုရင် ..အပေါ်ကပုံနဲ့အောက်ကပုံဟာဘယ်နှစ်နှစ်ကွာလဲပြောကြည့်ပါလား။ အပေါ်ပုံနဲ့အောက်ပုံမှာမတူညီတော့တဲ့အရာ၂ခုနဲ့ တူညီတဲ့အရာ၂ခုကိုဖြေကြည့်ပါ ❤ စုစုပေါင်း ၅ခုဖြေပါ။ ပျင်းနေကြမှာစိုးလို့ပါ😍😄” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို မေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။

နေတိုးကတော့ Stay Home ကာလ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားချိန်မှာ ငယ်ငယ်က အမှတ်တရ ဓာတ်ပုံလေးတွေကို မျှဝေပေးရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးထဲမှာလည်း နေတိုးရဲ့ အမာခံ Fan တွေရှိရင် ဒီမေးခွန်းလေးတွေကို ဖြေပေးသွားခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie: Cele Connections