လင္းလင္းနဲ့ ခ်စ္သုေဝတို့ တည္ေထာင္ထားတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ ေမြးရာပါနွလံုးအေပါက္ပါတဲ့ (၅) နွစ္ေအာက္ ကေလးငယ္ေတြကို အခမဲ့ ခြဲစိတ္ကုသေပးေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရိွျဖစ္ပြားေနတဲ့ Covid – 19 ကပ္ေရာဂါေၾကာင့္ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ အလွဴရွင္ေတြနဲ့ လက္တြဲျပီး ႏြမ္းပါးတဲ့ျပည္သူေတြကို ကူညီေထာက္ပံ့မႈေတြ၊ ကုိဗစ္တိုက္ဖ်က္ေရးအတြက္ လိုအပ္တဲ့ ေဆးဝါးပစၥည္းေတြကို ေထာက္ပံ့ျခင္းေတြ အၾကီးအက်ယ္ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း လင္းလင္းနဲ့ ခ်စ္သုေဝရဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းက “ေျမာက္ဥကၠလာပေဆး႐ုံးႀကီးသို႔ (၁၀၈)သိန္းက်ပ္တိတိတန္ဖိုးရွိ ပစၥည္းမ်ားလႉဒါန္းျခင္း ႏွင့္ ေတာင္ပိုင္းခ႐ိုင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌါနသို႔ လႉဒါန္းျခင္းမ်ား။ ေျမာက္ဥကၠလာပေဆး႐ုံႀကီးတြင္ Covid-19 လူနာမ်ားအတြက္ အသင့္ျပင္ဆင္ေနေသာICU တြင္ ထားရွိရန္လိုအပ္ေသာ ပစၥည္းမ်ားျဖစ္သည့္ Syringe Pump(10)လုံး ၊ Pulse Oximeter (5)လုံး ၊ Thermometer (5)လုံး ၊ Long Glove (300) ၊ Boot Cover (50)၊ Dryer (5)လုံး ၊ ဆပ္ျပာ(2)ပုံး ႏွင့္ Plastic ပုံးႀကီး (၂၀) တို႔အား ေခတ္သစ္ေဖာင္ေဒးရွင္းမွ ဝိုင္းဝန္းျပင္ဆင္ေပးခဲ့ပါသည္။”

“ေတာင္ပိုင္းခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔ Glove(50)Boxes , Boot Cover (500), Digital BP Cuff (5) , Thermometer (10)ခု ၊ Boot (20)ရံ , Pulse Oximeter (10), Hand Spary (300) , Hand sanitizer (100) , Surgical gown (500) , Surgical Mask (100) Boxes တို႔အားေခတ္သစ္ေဖာင္ေဒးရွင္းမွ လႉဒါန္းေပးခဲ့ပါသည္။ COVID 19 ကာလအတြင္း က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားအတြက္ လိုအပ္လ်က္ရွိသည္မ်ားကို အခ်ိႏွင့္တေျပးညီ ကူညီလႈဒါန္းေပးလ်က္ရွိပါသည္။” လို့ သူတို့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝလာပါတယ္။

လင္းလင္းနဲ့ ခ်စ္သုေဝတို့ရဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကေတာ့ မတည္ေငြ သိန္း (၂၀၀) ကေနစတင္လာကာ (၇) ရက္သားသမီး အလွဴရွင္မ်ားေၾကာင့္ တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ လွဴဒါန္းမႈေတြ ျပဳလုပ္လာနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htwe Lynn Ko’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မြောက်ဥက္ကလာပဆေးရုံးကြီးသို့ (၁၀၈)သိန်းကျပ်တိတိတန်ဖိုးရှိ ဆေးဝါးပစ္စည်းများလှူဒါန်းခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

လင်းလင်းနဲ့ ချစ်သုဝေတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ မွေးရာပါနှလုံးအပေါက်ပါတဲ့ (၅) နှစ်အောက် ကလေးငယ်တွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ကပ်ရောဂါကြောင့် ခေတ်သစ်ဖောင်ဒေးရှင်းဟာ အလှူရှင်တွေနဲ့ လက်တွဲပြီး နွမ်းပါးတဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ၊ ကိုဗစ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ထောက်ပံ့ခြင်းတွေ အကြီးအကျယ် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း လင်းလင်းနဲ့ ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက “မြောက်ဥက္ကလာပဆေးရုံးကြီးသို့ (၁၀၈)သိန်းကျပ်တိတိတန်ဖိုးရှိ ပစ္စည်းများလှူဒါန်းခြင်း နှင့် တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌါနသို့ လှူဒါန်းခြင်းများ။ မြောက်ဥက္ကလာပဆေးရုံကြီးတွင် Covid-19 လူနာများအတွက် အသင့်ပြင်ဆင်နေသောICU တွင် ထားရှိရန်လိုအပ်သော ပစ္စည်းများဖြစ်သည့် Syringe Pump(10)လုံး ၊ Pulse Oximeter (5)လုံး ၊ Thermometer (5)လုံး ၊ Long Glove (300) ၊ Boot Cover (50)၊ Dryer (5)လုံး ၊ ဆပ်ပြာ(2)ပုံး နှင့် Plastic ပုံးကြီး (၂၀) တို့အား ခေတ်သစ်ဖောင်ဒေးရှင်းမှ ဝိုင်းဝန်းပြင်ဆင်ပေးခဲ့ပါသည်။”

“တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Glove(50)Boxes , Boot Cover (500), Digital BP Cuff (5) , Thermometer (10)ခု ၊ Boot (20)ရံ , Pulse Oximeter (10), Hand Spary (300) , Hand sanitizer (100) , Surgical gown (500) , Surgical Mask (100) Boxes တို့အားခေတ်သစ်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခဲ့ပါသည်။ COVID 19 ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသည်များကို အချိနှင့်တပြေးညီ ကူညီလှုဒါန်းပေးလျက်ရှိပါသည်။” လို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေလာပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မတည်ငွေ သိန်း (၂၀၀) ကနေစတင်လာကာ (၇) ရက်သားသမီး အလှူရှင်များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie: Cele Connections