နိုင္ငံေက်ာ္ လူရႊင္ေတာ္၊ ဇာတ္ပို့ ဇာတ္ရံတစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္က အနုပညာသက္တမ္း နွစ္ (၃၀) ေက်ာ္အတြင္း က်ရာဇာတ္ရုပ္အေပၚမွာ တာဝန္ေက်ပြန္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အနုပညာနဲ့ ပက္သတ္လာရင္ အင္မတန္ကို ထူးခၽြန္တဲ့ ခင္လိႈင္က ကံတရားက မ်က္နွာသာမေပးေသးတာေၾကာင့္ အကယ္ဒမီထူးခၽြန္ဆုၾကီးနဲ့ အၾကိမ္ၾကိမ္လြဲေခ်ာ္ေနရတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြရဲ့ နွလံုးသားထဲမွာေတာ့ ခင္လိႈင္က ေအာင္ျမင္မႈအရိွဆံုး ဇာတ္ပို့ ဇာတ္ရံ သရုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ကိုယ္တိုင္ ဒါရိုက္တာလုပ္ျပီး ရုပ္ရွင္ဇာတ္ကားၾကီးေတြ ရိုက္ကူးေနတဲ့ ခင္လိႈင္က ျပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ “ဆိုးေပ” ဇာတ္လမ္းတြဲၾကီးကို ရိုက္ကူးျပီး အနားယူေနျပီပဲ ျဖစ္ပါတယ္။ အလုပ္နားေပမယ့္ လူမအားတဲ့ခင္လိႈင္က “အလုပ္နားေပမယ့္ ကြၽန္ေတာ္မအားပါ ခင္ဗ်ာ။ မေငြသိမ္း လွ်ာအရင္းျမက္ေစဖို႔ ဘာဟင္းခ်က္မယ္ထင္ပါသလဲ???” ဆိုျပီး သူ့ရဲ့ ဟင္းခ်က္ေနပံုေတြကို လူမႈကြန္ယက္စာမ်က္နွာကေန မွ်ေဝေပးလာပါတယ္။

ခင္လိႈင္ကေတာ့ အလုပ္နားေပမယ့္ ခ်စ္ဇနီး ခံတြင္းေတြ့ေစဖို့ ဟင္းလ်ာေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ေနရလို့ မအားမလပ္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္တို့ မိသားစုေလးကေတာ့ တစ္ေယာက္အေပၚ တစ္ေယာက္ ဂရုစိုက္ၾကတာေၾကာင့္ အခုလိုပဲ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin Hlaing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလုပ်နားပေမယ့် ချစ်ဇနီး ခံတွင်းတွေ့စေဖို့ ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်နေရလို့ မအားရဘူးဆိုတဲ့ ခင်လှိုင်

နိုင်ငံကျော် လူရွှင်တော်၊ ဇာတ်ပို့ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ခင်လှိုင်က အနုပညာသက်တမ်း နှစ် (၃၀) ကျော်အတွင်း ကျရာဇာတ်ရုပ်အပေါ်မှာ တာဝန်ကျေပွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ ပက်သတ်လာရင် အင်မတန်ကို ထူးချွန်တဲ့ ခင်လှိုင်က ကံတရားက မျက်နှာသာမပေးသေးတာကြောင့် အကယ်ဒမီထူးချွန်ဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာတော့ ခင်လှိုင်က အောင်မြင်မှုအရှိဆုံး ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတဲ့ ခင်လှိုင်က ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ “ဆိုးပေ” ဇာတ်လမ်းတွဲကြီးကို ရိုက်ကူးပြီး အနားယူနေပြီပဲ ဖြစ်ပါတယ်။ အလုပ်နားပေမယ့် လူမအားတဲ့ခင်လှိုင်က “အလုပ်နားပေမယ့် ကျွန်တော်မအားပါ ခင်ဗျာ။ မငွေသိမ်း လျှာအရင်းမြက်စေဖို့ ဘာဟင်းချက်မယ်ထင်ပါသလဲ???” ဆိုပြီး သူ့ရဲ့ ဟင်းချက်နေပုံတွေကို လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။

ခင်လှိုင်ကတော့ အလုပ်နားပေမယ့် ချစ်ဇနီး ခံတွင်းတွေ့စေဖို့ ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်နေရလို့ မအားမလပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေးကတော့ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်ကြတာကြောင့် အခုလိုပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlaing’s fb
Bilie: Cele Connections