


ယူနီကုဒ်ဖြင့်ဖတ်ရန်

တာဝန်ကျရာဆေးရုံမှာ လူနာဆောင်တွေဆီပြေးလွှားရင်း အလုပ်ရှုပ်နေတဲ့ ပိုးမမှီသာကို အားပေးစကားပြောလာတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးရရှိထားသူတစ်ယောက်ဖြစ်ပေမယ့် အရမ်းကို ရိုးရှင်းပြီး အနေအထိုင် အေးဆေးသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ကျင်လည်နေသူတစ်ယောက်ပီပီ သူမရဲ့ စီနီယာတွေအပေါ်ကိုလည်း လေးစားသလို ဂျူနီယာတွေအပေါ်မှာလည်း သဘောကောင်းဖော်ရွေသူတစ်ယောက်အဖြစ် နာမည်ကြီးသူလေးပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဝတ်မှုံရွှေရည်က တက်သစ်စ မင်းသမီး ဆရာဝန်မလေးဖြစ်တဲ့ ပိုးမမှီသာကို အားပေးစကားပြောလာခဲ့တာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က တာဝန်ကျရာဆေးရုံမှာ လူနာဆောင်တွေဆီပြေးလွှားရင်း အလုပ်ရှုပ်နေတဲ့ ပိုးမမှီသာကို “Fighting” ဆိုပြီး အားပေးစကားပြောခဲ့သလို ပိုးမမှီသာကလည်း “thanks Ma Kit 😘 Stay Safe ❤️” ဆိုပြီး ဝတ်မှုံရွှေရည်ကို ကျေးဇူးတင်စကားပြောကာ ဂရုတစိုက်နေဖို့ ပြောလာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ ပိုးမမှီသာတို့ကတော့ အနုပညာလှုပ်ရှားမှုတွေ အတူတူ မလုပ်ကိုင်ဖူးပေမယ့် အနုပညာအသိုင်းအဝိုင်းမှာ ကျင်လည်နေသူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Mamhe Thar’s fb
Bilie: Cele Connections