Source: Moe Hay Ko’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အင်္ဂလန်နိုင်ငံရဲ့ (၁၉)ရာစု အလယ်ခေတ်က အငွေ့အသက်တွေကျန်ရစ်နေသေးတဲ့ လန်ဒန်မြို့မှာ လည်ပတ်ခဲ့တဲ့ အမှတ်တရကို သတိရနေတဲ့ မိုးဟေကို
“မိုး ” လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော မိုးဟေကိုကတော့ အသက်အရွယ်တွေ ဘယ်လောက်ပြောင်းပြောင်း လှပချောမွတ်လွန်းတဲ့ ပင်ကိုယ်အလှစစ်ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသလို သူမရဲ့ ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုတွေများစွာကို ချပြနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးဟေကိုက သူမသွားရောက်လည်ပတ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံက အမှတ်တရတွေကို ပရိသတ်တွေအတွက် မျှဝေပေးလာပါတယ်။
“ဟယ်လို ဟယ်လို အားလုံးပဲ နေကောင်းကြရဲ့လားရှင်။ မိုးက အပြင်လည်းမထွက်ရဘူးဆိုတော့ ရှင်တို့လေးတွေ အလွမ်းပြေကြည့်လို့ရအောင် London ပုံလေးတွေပဲထပ်တင်ပေးလိုက်တယ်နော်။ အင်္ဂလန်နိုင်ငံရဲ့ ၁၉ ရာစုအလယ်ခေတ်က အငွေ့အသက်တွေကိုရနိုင်တဲ့အပြင် ခေတ်သစ်ပစ္စည်းတွေကိုဝယ်ယူလို့ရတဲ့ Burlington Arcade shopping mall ကြီးပေါ့ ဒီပုံလေးပြန်တွေ့တော့ မိုးကတော့ ဗိုလ်ချုပ်ဈေးထဲကို သွားလည်ချင်နေတယ်။ ပြီးတော့ အင်္ကျီအဖြူဝမ်းဆက်လေးဝတ်ပြီး အေးအေးချမ်းချမ်း ရွာလေးတစ်ရွာရဲ့ လယ်ကွင်းတွေထဲ လမ်းလျှောက်ထွက်ချင်နေပြီ။ အိမ်မှာနေရတာကြာလာပီလေနော့။ ရှင်တို့လေးတွေရော ကပ်ရောဂါတွေမရှိတော့တဲ့အချိန် နယ်ဘက်ခရီးထွက်ရင်လိုက်ခဲ့ကြမလား။ အခုလောလောဆယ်တော့ အိမ်မှာပဲနော် မဖြစ်မနေအပြင်ထွက်ရမယ်ဆို Mask တပ်ပါ၊ လက်ဆေးပါနော်။ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။
မိုးဟေကိုကတော့ သူမကိုယ်တိုင်လည်း အိမ်ထဲမှာ နေနေရလို့ သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေကို ပြန်လည်သတိရနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထဲကအိမ်ပြင်မထွက်ပဲ မဖြစ်မနေ အပြင်ထွက်ရမယ်ဆို Mask တပ်ပါ။ လက်ဆေးပါနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Moe Hay Ko’s fb
Bilie: Cele Connections