နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဖြးေဖြးကေတာ့ အနုပညာေလာကထဲမွာ က်င္လည္လာခဲ့တာ (၁၃) နွစ္ေက်ာ္ျပီျဖစ္ျပီး သူ့ရဲ့ အနုပညာညီအစ္ကို ေမာင္နွမေတြကိုလည္း တကယ့္ေသြးသားအရင္းလို ခ်စ္ခင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက သူမရဲ့ အတူတူ ဆံုေတြ့ဖူးတဲ့ အနုပညာရွင္ ဘယ္ စီနီယာ၊ ဂ်ဴနီယာမဆို တရင္းတနီွး ဆက္ဆံေလ့ရိွျပီး နိုင္ငံေက်ာ္ မင္းသမီးဆိုတဲ့ မာန္မာနမ်ိဳး လံုးဝမရိွသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ေဖြးေဖြးဆိုတာနဲ့ ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးကပါ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၃) ရက္ေန့ကေတာ့ သရုပ္ေဆာင္၊ အဆိုေတာ္ မင္းေသြး ကြယ္လြန္ျခင္း (၂) နွစ္ျပည့္တဲ့ေန့ေလးပဲ ျဖစ္ပါတယ္။ မင္းေသြးကို အနုပညာအသုိင္းအဝုိင္းတစ္ခုလံုးက စိတ္မေကာင္းျဖစ္ၾကသလို ေဖြးေဖြးကလည္း မင္းေသြးကို သတိရေနခဲ့ပါတယ္။ ေဖြးေဖြးကေတာ့ မင္းေသြးရဲ့အစ္ကို ေနတိုးတင္ထားတဲ့ မင္းေသြးတို့ ခ်စ္သူနွစ္ေယာက္ရဲ့ အမွတ္တရ ဗီဒီယိုေလးေတြကိုၾကည့္ရင္း သူမရဲ့ စိတ္ထဲမွာ ဝမ္းနည္းေနခဲ့တာကို ေတြ့ရပါတယ္။

ေဖြးေဖြးနဲ့ မင္းေသြးကေတာ့ နာမည္ၾကီး အနုပညာရွင္ေတြပီပီ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ အတူတူ သရုပ္ေဆာင္ခဲ့ၾကဖူးျပီး ေနာက္ဆံုးရိုက္ကူးခဲ့တဲ့ “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားၾကီးကလည္း ပရိသတ္အားေပးမႈကို ရရိွခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phway Phway’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်တဲ့သူတွေကို မနှုတ်ဆက်ပဲ ရုတ်တရက် ထွက်ခွာသွားတဲ့ မင်းသွေးကို သတိရနေတဲ့ ဖွေးဖွေး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ အနုပညာလောကထဲမှာ ကျင်လည်လာခဲ့တာ (၁၃) နှစ်ကျော်ပြီဖြစ်ပြီး သူ့ရဲ့ အနုပညာညီအစ်ကို မောင်နှမတွေကိုလည်း တကယ့်သွေးသားအရင်းလို ချစ်ခင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ အတူတူ ဆုံတွေ့ဖူးတဲ့ အနုပညာရှင် ဘယ် စီနီယာ၊ ဂျူနီယာမဆို တရင်းတနှီး ဆက်ဆံလေ့ရှိပြီး နိုင်ငံကျော် မင်းသမီးဆိုတဲ့ မာန်မာနမျိုး လုံးဝမရှိသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖွေးဖွေးဆိုတာနဲ့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၃) ရက်နေ့ကတော့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေး ကွယ်လွန်ခြင်း (၂) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ မင်းသွေးကို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဖြစ်ကြသလို ဖွေးဖွေးကလည်း မင်းသွေးကို သတိရနေခဲ့ပါတယ်။ ဖွေးဖွေးကတော့ မင်းသွေးရဲ့အစ်ကို နေတိုးတင်ထားတဲ့ မင်းသွေးတို့ ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရ ဗီဒီယိုလေးတွေကိုကြည့်ရင်း သူမရဲ့ စိတ်ထဲမှာ ဝမ်းနည်းနေခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးနဲ့ မင်းသွေးကတော့ နာမည်ကြီး အနုပညာရှင်တွေပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူ သရုပ်ဆောင်ခဲ့ကြဖူးပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb
Bilie: Cele Connections