မိန္းကေလးပရိသတ္ေတြရဲ့ အသည္းေက်ာ္တစ္ေယာက္ျဖစ္တဲ့ ေနျခည္ဦးက Beauty Blogger အျဖစ္ ရပ္တည္လာတဲ့ (၃)နွစ္ေက်ာ္အတြင္း ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွခဲ့သူပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကလည္း မိန္းကေလးေတြအတြက္ အက်ိဳးရိွေစမယ့္ ဗဟုသုတအေၾကာင္းအရာေတြကို မွ်ေဝရင္း အလွအပထိန္းသိမ္းနည္းေတြကိုလည္း တစ္ခုမခ်န္ေျပာျပတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနျခည္ဦးက ေနာက္ပိုင္းမွာလည္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း အနုပညာအလုပ္ေတြကို အခ်ိန္ေပးလုပ္ကိုင္ေနလ်က္ရိွတာကုိ ေတြ့ရပါတယ္။

လက္ရိွ Stay Home ကာလမွာေတာ့ ေနျခည္ဦးက သူမရဲ့ ပရိသတ္ေတြနဲ့အတူတူ 7days selfcare with chichi challenge ဆိုျပီး ကိုယ့္အတြက္ကို အက်ိဳးရိွေစမယ့္ Challenge ေလးေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက သူမရဲ့ Challenge အတြက္ Vlog ရိုက္ရင္း စာေရးဆရာမၾကီး နုနုရည္ အင္းဝ ေရးသားတဲ့ ” ျပံဳး၍လည္း ကန္ေတာ့ခံေတာ္မူပါ။ ရယ္၍လည္း ကန္ေတာ့ခံေတာ္မူပါ” ဆိုတဲ့ စာအုပ္အေၾကာင္းမွာ ေတာင္ျပဳန္းပြဲက ပုပၸါးမွာ က်င္းပတယ္လို့ မွားယြင္းေျပာမိခဲ့ပါတယ္။ ဗီဒီယိုထဲမွာ မွားယြင္းေျပာမိေပမယ့္ ေနျခည္ဦးက “ေတာင္ျပံုးပြဲက ေတာင္ျပံဳးမွာ က်င္းပတာပါ။ ပုပၸါးလို့ စကားေလာျပီး မွားသြားတာ ခြင့္လႊတ္ပါေနာ္” ဆိုျပီး ခ်က္ခ်င္း ေတာင္းပန္ထားပါတယ္။

ေနျခည္ဦးေတာ့ ပရိသတ္ၾကီးအားလံုးသိျပီးသားျဖစ္တဲ့အတိုင္း စကားေျပာျမန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အမွားအယြင္းျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနျခည့္ရဲ့ မထင္မွတ္ထားတဲ့ အမွားတစ္ခုကို နားလည္ခြင့္လႊတ္ေပးၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Vlog ရိုက်ရင်း တောင်ပြုန်းပွဲက ပုပ္ပါးမှာ ကျင်းပတယ်လို့ မှားယွင်းပြောမိတဲ့အတွက် တောင်းပန်လာတဲ့ နေခြည်ဦး

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးက Beauty Blogger အဖြစ် ရပ်တည်လာတဲ့ (၃)နှစ်ကျော်အတွင်း အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ နေခြည်ဦးကလည်း မိန်းကလေးတွေအတွက် အကျိုးရှိစေမယ့် ဗဟုသုတအကြောင်းအရာတွေကို မျှဝေရင်း အလှအပထိန်းသိမ်းနည်းတွေကိုလည်း တစ်ခုမချန်ပြောပြတတ်သူတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးက နောက်ပိုင်းမှာလည်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

လက်ရှိ Stay Home ကာလမှာတော့ နေခြည်ဦးက သူမရဲ့ ပရိသတ်တွေနဲ့အတူတူ 7days selfcare with chichi challenge ဆိုပြီး ကိုယ့်အတွက်ကို အကျိုးရှိစေမယ့် Challenge လေးတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ Challenge အတွက် Vlog ရိုက်ရင်း စာရေးဆရာမကြီး နုနုရည် အင်းဝ ရေးသားတဲ့ ” ပြုံး၍လည်း ကန်တော့ခံတော်မူပါ။ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ဆိုတဲ့ စာအုပ်အကြောင်းမှာ တောင်ပြုန်းပွဲက ပုပ္ပါးမှာ ကျင်းပတယ်လို့ မှားယွင်းပြောမိခဲ့ပါတယ်။ ဗီဒီယိုထဲမှာ မှားယွင်းပြောမိပေမယ့် နေခြည်ဦးက “တောင်ပြုံးပွဲက တောင်ပြုံးမှာ ကျင်းပတာပါ။ ပုပ္ပါးလို့ စကားလောပြီး မှားသွားတာ ခွင့်လွှတ်ပါနော်” ဆိုပြီး ချက်ချင်း တောင်းပန်ထားပါတယ်။

နေခြည်ဦးတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်တဲ့အတိုင်း စကားပြောမြန်သူတစ်ယောက်ဖြစ်တာကြောင့် အမှားအယွင်းဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည့်ရဲ့ မထင်မှတ်ထားတဲ့ အမှားတစ်ခုကို နားလည်ခွင့်လွှတ်ပေးကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie: Cele Connections