


Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖေဖေလင်းရဲ့ မွေးနေ့မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ပစ္စည်းလေးတွေကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယို

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်က မွေးကင်းစအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က အခုဆိုရင် သုံးနှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး စကားတွေ တီတီတာတာ ပြောတတ်လာကာ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေကလည်း သမီးလေးတွေရဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၂) ရက်နေ့ကတော့ လင်းလင်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လင်းလင်းရဲ့ မွေးနေ့မှာ မိသားစုလေးယောက် အိမ်ထဲမှာပဲ မွေးနေ့ပါတီလေးကို ပြုလုပ်ခဲ့သလို ခေတ်နဲ့သစ်ကလည်း သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ပစ္စည်းလေးတွေနဲ့ ဖေဖေကြီးလင်းလင်းကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ခေတ်နဲ့သစ်ကတော့ မေမေချစ်သုဝေရဲ့ ဂရုစိုက်မှုတွေကြောင့် မေမေ့ကိုလည်း အရမ်းချစ်သလို အလိုလိုက်တဲ့ ဖေဖေ့ကိုလည်း မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေတို့ မိသားစုလေးရဲ့ ကြည်နူးစရာ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie: Cele Connections