နန္းနန္းလို့ ပရိသတ္ေတြက ခ်စ္စနိုးနဲ႔ေခၚၾကတဲ့ မင္းသမီးေလး နန္းစႏၵာလွထြန္းက ပဥၥလက္ရြာ” ဇာတ္လမ္းတြဲကေနစတင္ၿပီး ပရိသတ္ေတြရဲ့ အားေပးမွုကို ရရွိခဲ့ၿပီး ဇာတ္လမ္းတြဲေတြ ေတာက္ေလၽွာက္ ရိုက္ကူးလာရတာ ျဖစ္ပါတယ္။ “အရိပ္”၊ “ကၽြန္ေတာ္အမုန္းဆံုးကၽြန္ေတာ္”၊ “ဝကၤပါရွင္းတမ္း” စတဲ့ဇာတ္လမ္းတြဲေတြကလည္း နန္းစႏၵာလွထြန္းကို တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ ပိုျပီး ေအာင္ျမင္လာေစတာပဲ ျဖစ္ပါတယ္။

လူေလးလွသလို စိတ္ထားေလးလည္းလွတဲ့ နန္းစႏၵာလွထြန္းက Covid လူနာေစာင့္ေရွာက္ေရးစင္တာေတြကို လွဴဒါန္းဖို့ သူမရဲ့ မတည္ေငြ (၃) သိန္းနဲ့ လူတစ္ေယာက္ (၁၀၀၀) နႈန္းအလွဴခံခဲ့ရာသိန္း (၂၀) နီးပါးရိွေနျပီျဖစ္တဲ့အေၾကာင္း ဝမ္းသာစြာနဲ့ ေျပာလာပါတယ္။ “အခုဆိုရင္ အုပ္တစ္ခ်ပ္ သဲတစ္ပြင့္ ကေနစပ့ီး ေကာက္ခံလိုက္တဲ့ အလႉေငြက မတည္ေငြနဲ႔ဆို က်ပ္သိန္း ၂၀ နီးပါးရရွိေနပါၿပီ 👏 … အားလုံးဝိုင္းဝန္း ပါဝင္လႉဒါန္းေပးၾကတဲ့ အလႉရွင္မ်ားအားလုံး ေက်းဇူးအမ်ားႀကီးတင္ပါတယ္ … စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ ဒီထက္မက လႉႏိုင္ဒါန္းႏိုင္ၾကပါေစရွင့္ 🙏🙏🙏 ဒီေန႔ေနာက္ဆုံးထားၿပီး ေကာက္ခံေပးသြားပါမယ္ရွင့္ ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

နန္းစႏၵာလွထြန္းကေတာ့ သူမရဲ့ လႈံ့ေဆာ္မႈနဲ့ ပရိသတ္မ်ားရဲ့ ပါဝင္လွဴဒါန္းေပးမႈေၾကာင့္ ရရိွလာတဲ့ အက်ိဳးရလဒ္ကိုၾကည့္ျပီး ပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nan Sandar Hla Htun’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Covid လူနာစောင့်ရှောက်ရေးစင်တာတွေကို လှူဒါန်းဖို့ လူတစ်ယောက် (၁၀၀၀) ကျပ်နှုန်းနဲ့ အလှူခံလာခဲ့တာ သိန်း (၂၀) နီးပါးရရှိနေပြီဆိုတဲ့ နန်းစန္ဒာလှထွန်း

နန်းနန်းလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းက ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကနေစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေကလည်း နန်းစန္ဒာလှထွန်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုပြီး အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ နန်းစန္ဒာလှထွန်းက Covid လူနာစောင့်ရှောက်ရေးစင်တာတွေကို လှူဒါန်းဖို့ သူမရဲ့ မတည်ငွေ (၃) သိန်းနဲ့ လူတစ်ယောက် (၁၀၀၀) နှုန်းအလှူခံခဲ့ရာသိန်း (၂၀) နီးပါးရှိနေပြီဖြစ်တဲ့အကြောင်း ဝမ်းသာစွာနဲ့ ပြောလာပါတယ်။ “အခုဆိုရင် အုပ်တစ်ချပ် သဲတစ်ပွင့် ကနေစပ့ီး ကောက်ခံလိုက်တဲ့ အလှူငွေက မတည်ငွေနဲ့ဆို ကျပ်သိန်း ၂၀ နီးပါးရရှိနေပါပြီ 👏 … အားလုံးဝိုင်းဝန်း ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များအားလုံး ကျေးဇူးအများကြီးတင်ပါတယ် … စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဒီထက်မက လှူနိုင်ဒါန်းနိုင်ကြပါစေရှင့် 🙏🙏🙏 ဒီနေ့နောက်ဆုံးထားပြီး ကောက်ခံပေးသွားပါမယ်ရှင့် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူမရဲ့ လှုံ့ဆော်မှုနဲ့ ပရိသတ်များရဲ့ ပါဝင်လှူဒါန်းပေးမှုကြောင့် ရရှိလာတဲ့ အကျိုးရလဒ်ကိုကြည့်ပြီး ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Sandar Hla Htun’s fb
Bilie: Cele Connections