


Soure : Shwe Eain Si
ယူနီကုဒ်ဖြင့်ဖတ်ရန်

” သူမဘဝနဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်ကိုပြောပြခဲ့တဲ့ ရွှေအိမ်စည် ”

CeleConnectionsပရိသတ်ကြီးရေ ပုရိသအမျိုးသားတွေပါမက အမျိုးသမီးပရိတ်သတ်တွေပါသဲသဲလှုပ်ချစ်ရတဲ့ ခပ်ချေချေ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးစွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားနဲ့ ချိုလွင်လွင်အပြုံးတို့က သူမရဲ့ အားသာချက် အလှအပတွေဖြစ်ပါတယ်။အမြဲ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်မှု ပြဿနာတွေကို စိတ်ရှင်းရှင်းနဲ့ ပညာသားပါပါဖြေရှင်းတတ်သူ အဖြစ်မှတ်ချက်ပေးခံရသူလေးပါ။

Miss World Myanmar (2016 )ကနေ အနုပညာခြေလှမ်းစတင်ခဲ့တဲ့ ရွှေအိမ်စည်ကတော့ Miss Grand Myanmar (2017)ရဲ့ သရဖူရှင်ဖြစ်ခဲ့ဖူးပါတယ်။ ထပ်မံ ပြီး Miss Golden Land Myanmar (2018 )ကိုထပ်မံဆွတ်ခူးခဲ့ပြီး မြန်မာပြည်ရဲ့ ကိုယ်စားပြုအနေနဲ့ ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational (2018) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါနော်။

ဒီနေ့မှာတော့ သူမအနေနဲ့”My life, my rules.Who are you to judge me.”ဆိုတဲ့စာလေးနဲ့ သူမရဲ့အတွေးနဲ့သူမရဲ့ခံယူချက်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure : Shwe Eain Si
Candy CeleConnections