နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ စမိုင္းလ္ကေတာ့ သူမရဲ့ အနုပညာေၾကာင့္သာမက အလွဴအတန္းရက္ေရာလြန္းတာေၾကာင့္ ပရိသတ္ေတြၾကားမွာ ေကာင္းသတင္းေမႊးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စမိုင္းလ္နဲ့ စမိုင္းလ္ရဲ့ခင္ပြန္း ကိုျပည့္ေမာင္တို့က အကူအညီလိုအပ္ေနတဲ့ေနရာေတြကို တတ္နိုင္သေလာက္ လွဴဒါန္းေပးေနသလို လက္ရိွ ကိုဗစ္ကာလမွာလည္း က်ပ္သိန္းေပါင္း ရာနဲ့ခ်ီျပီး လိုအပ္ေနတဲ့ ေနရာေတြကို ခြဲေဝလွဴဒါန္းေပးေနလ်က္ရိွပါတယ္။

အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတဲ့ စမိုင္းလ္က ယခု ေအာက္တိုဘာလမွာလည္း ခင္ပြန္းျဖစ္သူကိုျပည့္ေမာင္ရဲ့ ေမြးေန့ကုသိုလ္အျဖစ္ အလွဴအတန္းေတြ ဆက္တိုက္လုပ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စမိုင္းလ္တို့မိသားစုက “ဆရာျပည့္ေမြးေန႔အႀကိဳအလႉ ကိုညီနႏၵေထာပတ္ထမင္း ပြဲ၂၀၀ ၇သိန္းဖိုး ေဆး႐ုံရွိလူနာမ်ားနဲ႔ volunteer မ်ားအတြက္ ” ဆိုျပီး ေဆးရံုကလူနာနဲ့ ေစတနာ့ဝန္ထမ္းမ်ားအတြက္ လွဴဒါန္းရင္း ညီနႏၵရဲ့ စားေသာက္ကုန္လုပ္ငန္းေလးကို အားေပးခဲ့တာကို ေတြ့ရပါတယ္။

စမိုင္းလ္ကေတာ့ အလွဴအတန္းေတြလည္း လုပ္ေနသလို တစ္ဖက္မွာလည္း သူမရဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြရဲ့ စီးပြားေရးလုပ္ငန္းေတြကို ကူညီအားေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စိတ္ထားေကာင္းသူေလး စမိုင္းလ္ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆေးရုံကလူနာနဲ့ စေတနာ့ဝန်ထမ်းများအတွက် လှူဒါန်းရင်း ညီနန္ဒရဲ့ စားသောက်ကုန်လုပ်ငန်းလေးကို အားပေးခဲ့တဲ့ စမိုင်းလ်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ သူမရဲ့ အနုပညာကြောင့်သာမက အလှူအတန်းရက်ရောလွန်းတာကြောင့် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်နဲ့ စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်တို့က အကူအညီလိုအပ်နေတဲ့နေရာတွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေသလို လက်ရှိ ကိုဗစ်ကာလမှာလည်း ကျပ်သိန်းပေါင်း ရာနဲ့ချီပြီး လိုအပ်နေတဲ့ နေရာတွေကို ခွဲဝေလှူဒါန်းပေးနေလျက်ရှိပါတယ်။

အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စမိုင်းလ်က ယခု အောက်တိုဘာလမှာလည်း ခင်ပွန်းဖြစ်သူကိုပြည့်မောင်ရဲ့ မွေးနေ့ကုသိုလ်အဖြစ် အလှူအတန်းတွေ ဆက်တိုက်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်တို့မိသားစုက “ဆရာပြည့်မွေးနေ့အကြိုအလှူ ကိုညီနန္ဒထောပတ်ထမင်း ပွဲ၂၀၀ ၇သိန်းဖိုး ဆေးရုံရှိလူနာများနဲ့ volunteer များအတွက် ” ဆိုပြီး ဆေးရုံကလူနာနဲ့ စေတနာ့ဝန်ထမ်းများအတွက် လှူဒါန်းရင်း ညီနန္ဒရဲ့ စားသောက်ကုန်လုပ်ငန်းလေးကို အားပေးခဲ့တာကို တွေ့ရပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းတွေလည်း လုပ်နေသလို တစ်ဖက်မှာလည်း သူမရဲ့ အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီအားပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းသူလေး စမိုင်းလ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections